တိဗက်လူထုအုံကြွမှုနေ့ ၆၃ နှစ်မြောက် အထိမ်းအမှတ်ကို မတ်လ ၁၀ ရက်က ကျင်းပ

တိဗက်လူထုအုံကြွမှုနေ့ ၆၃ နှစ်မြောက် အထိမ်းအမှတ်ကို မတ်လ ၁၀ ရက်က ကျင်းပ

ကမ္ဘာတစ်ဝှမ်းရှိ တိဗက်လူမျိုးများအတွက် မတ် ၁၀ ရက်နေ့သည် အလွန်အရေးပါသော နေ့တစ်နေ့ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နယ်မြေအတင်းအဓမ္မ သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အနေဖြင့် တိဗက်လူမျိုးများက ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်တွင် တော်လှန်ခဲ့ကြသည်။

တိဗက်လူမျိုးများ၏ ဘာသာရေးအလေ့အထများ၊ ဓလေ့ထုံးတမ်းများနှင့်အစဉ်အလာများ လွတ်လပ်စွာ ကျင့်သုံးခွင့်ကို ပိတ်ပင်ခဲ့သည့် တရုတ်တို့၏ တမင်ရည်ရွယ်သော လုပ်ရပ်များပြီးနောက် တော်လှန်မှု ဖြစ်ပေါ်လာခဲ့သည်။

၁၉၅၉ ခုနှစ် တိဗက်လူထုအုံကြွမှုကြီးသည် မြို့တော်လာဆာတွင် တရုတ်လူမျိုးများကို အဆက်မပြတ် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအဖြစ် စတင်ခဲ့ပြီးနောက် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွားကာ တရုတ်စစ်တပ်၏ ဖြိုခွင်းမှုကြောင့် တိဗက်လူမျိုးထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။

တိဗက်သည် နှစ်ထောင်ပေါင်းများစွာကြာအောင် ၎င်း၏ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ရိုးရာဝတ်စုံ၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားတို့နှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံများစွာနှင့် တန်းတူမိတ်ဖက်အဖြစ် စာချုပ်ပေါင်းများစွာချုပ်ဆိုခဲ့သည်။ သို့သော် တရုတ်တို့က၁၉၄၉ခုနှစ်မှစ၍ တိဗက်ကို ဆက်တိုက် ကျူးကျော်လာခဲ့ပြီး ၁၉၅၀ ခုနှစ်တွင် တိဗက်ကို လုံးလုံးလျားလျား ကျုးကျော်ခဲ့သည်။

တရုတ်သည် ၁၉၅၁ ခုနှစ်တွင် တိဗက်အား တရုတ်တို့ သိမ်းပိုက်မှုကို တရားဝင်ဖြစ်စေသည့် ‘၁၇ ချက်ပါ သဘောတူညီချက်’ ကို လက်မှတ်ရေးထိုးရန် ဓားစာခံကဲ့သို့ ချုပ်နှောင်ခံထားရသည့် တိဗက်အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့အား အတင်းအကျပ် ဖိအားပေးခဲ့သည်။

မတ်လ ၁၀ ရက်နေ့အထိမ်းအမှတ်သည် အမိမြေသို့ ပြန်လာရေးမျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်လျက်ရှိသော ထောင်နှင့်ချီသော အဝေးရောက် တိဗက်လူမျိုးများ၏ အတိဒုက္ခကိုလည်း ဖော်ညွှန်းပြသနေသည်။

ထို့ပြင် တိဗက်တွင် ကျန်ရစ်နေသော တိဗက်လူမျိုးများမှာလည်း ခွဲခြားဆက်ဆံခြင်းနှင့် ရက်စက် ကြမ်းကြုတ်မှုများ ကြုံတွေ့ရသည့်အပြင် ၎င်းတို့အား တရုတ်လက္ခဏာအသွင်ပြောင်းအောင် CCP ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများကို ခံစားနေရသည်။

ယနေ့ခေတ်အခြေအနေ၏ ဆိုးရွားမှုကို မကြာသေးမီကဖြစ်ရပ်တစ်ခုကို ကြည့်ခြင်းဖြင့် နားလည်နိုင်ပေသည်။ အသက် ၂၅ နှစ်အရွယ် တိဗက်အဆိုတော် ဆီတမ်နော်ဘူသည် ဖေဖော်ဝါရီ ၂၅ ရက်က လာဆာရှိ ပိုတာလာနန်းတော်ရှေ့တွင် မိမိကိုယ်ကိုယ် မီးရှို့သတ်သေရန် ကြိုးပမ်းရင်း သေဆုံးသွားခဲ့သောကြောင့် ၂၀၀၉ ခုနှစ်မှ စတင်၍ မိမိကိုယ်ကို မီးရှို့အဆုံးစီရင်ခဲ့သော တိဗက်လူမျိုး စုစုပေါင်း ၁၅၈ ဦးအထိ ရှိလာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required