အိန္ဒိယရှိ တရုတ်ကုမ္ပဏီများ၏ တရားမဝင် လှုပ်ရှားမှုများကို စောင့်ကြည့်နေ

အိန္ဒိယရှိ တရုတ်ကုမ္ပဏီများ၏ တရားမဝင် လှုပ်ရှားမှုများကို စောင့်ကြည့်နေ

တရုတ် စီးပွားရေး အဖွဲ့အစည်းများက တယ်လီကွန်း၊ အဆင့်မြင့်ပညာနှင့် အသေးစား ဘဏ္ဍာရေးလုပ်ငန်းအပါအဝင် ကဏ္ဍအသီးသီးတွင် တိုက်ရိုက်သို့မဟုတ် ကြားခံအားဖြင့် တရားမဝင် ဆောင်ရွက်မှုများစွာကို အိန္ဒိယ အစိုးရက သိရှိခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများအပေါ် အခွန်ရှောင်သည်ဟု စွပ်စွဲကာ နှိမ်နင်းမှု စတင်ခဲ့ သည်။

အိန္ဒိယရှိ တရုတ်ကုမ္ပဏီ အများအပြားသည် အခွန်ရှောင်မှုများတွင် ပါဝင်နေကြောင်း လုံခြုံရေးနှင့် စုံစမ်း စစ်ဆေးရေးဌာနများမှ စတင်သည့် စုံစမ်းမှုတစ်ခုအရ The Economic Times မှ လေ့လာသိရှိခဲ့သည်။

ဘီလာဒူဂူ ခရစ်နတ်နှင့် တရုတ်နိုင်ငံသားဟူတူမှ ဦးစီးပြီး ဘန်ဂလောမြို့တွင် မှတ်ပုံတင်ထားသည့် Jumpmonkey Promotions Private Limited သည် ဝန်ဆောင်မှုများ အမှန်တကယ်ပေးဆောင်ခြင်းမရှိသည့် ကြိုတင်ခွန်များအတွက် တရုတ်နိုင်ငံသား ဒါရိုက်တာများရှိသည့် တရုတ်လုပ်ငန်း/ကုမ္ပဏီများသို့ ကုန်ပို့လွှာအတုများ ရူပီးငွေ ၁၈ ဒသမ ၁၆ ကုဋေ ထုတ်ပေးခဲ့ကြောင်း The Economic Times ကတွေ့ရှိခဲ့သည်။

Jumpmonkey သည် တရားမဝင်တရုတ်ချေးငွေ အက်ပ်ပလီကေးရှင်း ဝန်ဆောင်မှု ပေးနေသည့် Truthigh Finance Pvt Ltd. သို့ ရူပီး ဝ ဒသမ ၃၆ ကုဋေ၊ Ajaya Solution Pvt Ltd. သို့ ရူပီး ဝ ဒသမ ၁၈ ကုဋေ၊ Bienance Information Technology Pvt Ltd. သို့ ရူပီး ဝ ဒသမ ၁၉ ကုဋေ၊ GorupeeInfintech Services Pvt Ltd. သို့ ရူပီး ဝ ဒသမ ၁၄ ကုဋေနှင့် Wecred Technologies Pvt Ltd သို့ ရူပီး ဝ ဒသမ ဝ၃ ကုဋေဖိုး ကုန်ပို့လွှာအတုများ ထုတ်ပေးခဲ့သည်။

၂၀၁၉ခုနှစ်တွင် တည်ထောင်ခဲ့သည့် Jumpmonkey သည် အဆိုပါတရားမဝင် ချေးငွေ အက်ပ်ပလီကေးရှင်း ကုမ္ပဏီများအား နိုင်ငံရပ်ခြားတွင် ငွေကြေးခဝါချရန် ကူညီပေးခဲ့သည်ဟု သတင်းရင်းမြစ်များက စွပ်စွဲ ထားသည်။

ကြိုတင်ငွေဖြည့်သွင်းထားသည့် ဆင်းမ်ကတ် ၁၀ဝ၀ ကျော်ကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံ သား အနည်းငယ်မှ တစ်ဆင့် အိန္ဒိယသို့ ပြန်သွင်းခဲ့သည်။

ဂူရူဂရမ် အခြေစိုက် ဟိုတယ် Star Spring မှတဆင့် တရုတ်နိုင်ငံသို့ ဆင်းမ်ကတ် ၁၆၅၀ နီးပါး ပေးပို့ခဲ့ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက ဆိုသည်။

ယင်းကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်းမ်ကတ်များ ခိုးသွင်းမှုဖြင့် တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီး ခဲ့သည်။ ထင်ရှားသော တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ZTE သည် ဟိုတယ်ပိုင်ရှင် တရုတ်အမျိုးသားတစ်ဦးနှင့် အဆက်အစပ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

နှစ်ပေါင်းများစွာ ရူးပီးငွေကုဋေရာနှင့်ချီ အခွန်ရှောင်မှု၊ စာရင်းမဝင်သော ငွေများနှင့် ရင်းမြစ်မှ အခွန်နုတ်ယူရန် ပျက်ကွက်ခဲ့ကြောင်း ဝင်ငွေခွန်ဌာနက တွေ့ရှိပြီးနောက် ၂၀၂၁ခုနှစ်တွင် ZTE Corp အား ရှောင်တခင် အခွန်စစ်ဆေးမှုပြုလုပ်ခဲ့သည်။

လူမှုမီဒီယာကိုလည်း တရုတ်ကုမ္ပဏီများက ငွေကြေးလိမ်လည်မှုအတွက် တလွဲအသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly