အာဖဂန်နစ္စတန်၏ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ပါကစ္စတန်တွင် တာဝန်ရှိ

အာဖဂန်နစ္စတန်၏ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ပါကစ္စတန်တွင် တာဝန်ရှိ

အာဖဂန်နစ္စတန်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ပါကစ္စတန်တွင် လုံးလုံးလျားလျား တာဝန်ရှိကြောင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းဟု ခေါ်သည့် နိုင်ငံတကာ NGO အဖွဲ့တစ်ခုက မတ်လ ၇ ရက်၌ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) ၌ ပြစ်တင် ပြောဆိုသွားခဲ့သည်။

အာဖဂန်နစ္စတန်၏ လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (HCHR) မစ်ချဲလ် ဘက်ချ်လက် တင်သွင်းသော အစီရင်ခံစာတစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးစဉ် အဆိုပါ NGO အဖွဲ့က ယင်းမှတ်ချက်စကားများကို ပြောသွားခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရသွားစေရန် ကူညီပေးမှုအတွက် ပါကစ္စတန်အပေါ် အဆိုပါ NGO အဖွဲ့၏ ကိုယ်စားလှယ်ဖြစ်သူက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသွားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ၏ အစီရင်ခံစာထဲတွင် အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး အခြေအနေ၊ အထူးသဖြင့် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ အာဏာရသွားပြီးနောက်ပိုင်း အခြေအနေ များနှင့် စပ်လျဉ်းပြီး ဖော်ပြထားသည်။

“စစ်ဖြစ်မှုတွေ လျော့နည်းမှုကြောင့် အရပ်သား သေကျေ၊ ဒဏ်ရာရမှုတွေ လျော့ကျသွားတယ်ဆိုပေမယ့်လည်း အာဖဂန်ပြည်သူအများအပြားအတွက် လူ့အခွင့်အရေး အခြေအနေကတော့ ကြီးလေးတဲ့ စိုးရိမ်ပူပန်စရာကိစ္စ ဖြစ်နေပါတယ်” ဟု ဘက်ချ်လက်က ပြောခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နောက်ပိုင်း ယင်းနိုင်ငံတွင် အရပ်သား ၁,၁၅၆ ဦးထက်မနည်း သေဆုံးပြီး မရေတွက်နိုင်သော အခြားပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိထားခဲ့ကြောင်း ၎င်းက ထုတ်ဖော်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required