ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှု ကြီးထွားနေ

ပါကစ္စတန်၏ ကုန်သွယ်ရေး လိုငွေပြမှု ကြီးထွားနေ

ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုသည် တစ်နှစ်ထက်တစ်နှစ် ၈၂ ရာခိုင်နှုန်း ကြီးထွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၉၆ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်းသည် ပို့ကုန်များနှင့် ယှဉ်ပါက သွင်းကုန်များ တင်သွင်းမှုပိုင်းတွင် နှစ်ဆကျော် မြင့်တက်ခဲ့မှုနှင့် အဓိကသက်ဆိုင်နေကြောင်း ပါကစ္စတန် စာရင်းအင်းဗျူရိုက မတ်လ ၂ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များက ပြသနေသည်။

သွင်းကုန်တင်သွင်းမှုတွင် မကြုံစဖူး မြင့်တက်ခဲ့ခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြမှုပိုင်းတွင် အတက်ဘက်သွားသည့် ဦးတည်ရာတစ်ခုကို ၈ လဆက်တိုက် တွေ့မြင်ထားခဲ့ရသလို ပို့ကုန်တင်ပို့မှုက တန်ဖိုးအားဖြင့် တစ်လလျှင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနှင့် ၂ ဒသမ ၈ ဘီလီယံအကြား ပမာဏဖြင့် တိုးတက်မှု သိသိသာသာမရှိဘဲ အများအားဖြင့် တစ်စိတ်တစ်ပိုင်း ကုန်ချောထုတ်ကုန်များနှင့် ကုန်ကြမ်းများ တင်ပို့ခြင်း ဖြစ်သည်။

ရောင်းကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်ရေး လိုငွေပြမှုသည် တစ်နှစ်ထက်တစ်နှစ် ၂၂ ရာခိုင်နှုန်း ကြီးထွားခဲ့ပြီး ဖေဖေါ်ဝါရီလတွင် ဒေါ်လာ ၃ ဒသမ ၀၉ ဘီလီယံကို ရောက်ရှိခဲ့ကြောင်း တရားဝင် ဒေတာအချက်အလက်များက ပြသနေသည်။

သွင်းကုန်တင်သွင်းမှုပိုင်းတွင် အမြင့်မားဆုံး မြင့်တက်မှုက ဖက်ဒရယ် အခွန်ဘုတ်အဖွဲ့အတွက် ရောင်းခွန် အပါအဝင် သွင်းကုန်တင်သွင်းမှုပိုင်းတွင် အမြင့်ဆုံး အခွန်ဘဏ္ဍာငွေများ ကောက်ယူရရှိစေနိုင်ရန် အကူအညီဖြစ်စေခဲ့သည်။

သို့သော် ကုန်သွယ်ရေး လိုငွေ ဖောင်းပွမှုအပေါ် ထိန်းချုပ်ရန် အစိုးရ၏ ကြိုးပမ်းမှုအခြေအနေက ရှေ့မတိုးနိုင်ဘဲ နောက်ကြောင်းပြန် ဦးတည်လျက် ရှိနေပြီး စံချိန်တင် သွင်းကုန်များကြောင့် ပြည်ပပို့ကုန်ပိုင်းအပေါ် ဖိအားများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly