မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင်များအား  COVID-19 ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင်များအား  COVID-19 ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

မတ်လ ၁၂ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့တွင်  မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအား ယမန်နေ့ မတ်လ ၁၁ရက်က COVID-19 ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးကြောင်း မြန်မာဒုက္ခသည်များ ကော်မတီ (လုံးလေ)Myanmar Refugees Committee (Lunglei)  တာဝန်ရှိသူထံမှ သိရသည်။

လုံလေမြို့ရပ်ကွက် အသီးသီးရှိ မြန်မာ စစ်ဘေးရှောင် ၈၅ ဦးအား ဗင်းလိုင်းရပ်ကွက် Sub Centre တွင်  ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း၊အဆိုပါ ၈၅ဦးထဲတွင် ၆၅ ဦးမှာ ကာကွယ်ဆေး စတင်ထိုးနှံသူများဖြစ်ကြောင်း၊ လူပေါင်း၂၀ မှာ ဒုတိယအကြိမ် ဆေးထိုးနှံသူများဖြစ်ကြော င်း၊ ဆေးထိုးနှံပေးခြင်း အစီအစဉ်မှာ လေးကြိမ်မြောက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ကော်မတီက ကျန်းမာ‌ရေးဝန်ကြီးဌာန (လုံးလေ)ရဲ့ အကူအညီနဲ့ အခမဲ့ ထိုးနှံပေးဖို့ စီစဉ်ခဲ့ကြတာဖြစ်တယ်” ဟု MRC (Lunglei) မှ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းချာလီက ပြောသည်။

လုံးလေမြို့နှင့် အနီးတဝိုက်တွင် မြန်မာစစ်ဘေးရှောင် ဦးရေ ၁၅၉၈ ဦးရှိပြီး ဦးရေ ၁၄၀၀ကျော်မှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကာ ကျန်သူများမှာ အလုပ်လုပ်ကိုင်နေကြသဖြင့် မအားလပ်၍ ထိုးနှံခြင်း မရှိသေးကြောင်း ဆိုသည်။

မီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာစစ်ဘေးရှောင်  ဦးရေ ၃၀၀၀၀ (သုံးသောင်း) ကျော်ခန့် ရှိကြောင်းအကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required