မတ် ၁၁
မြိတ်မြို့၌ COVID-19 ရောဂါ ကူးစက်မှု နေ့စဉ် နီးပါး တွေ့ရှိလာပြီးနောက် သုံးရက် ဆက်တိုက် သေဆုံးမှု ရှိလာကြောင်း မြိတ်အခြေစိုက် ပရဟိတ ကျန်းမာရေး အဖွဲ့စည်းများထံက သိရသည်။
မတ်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ သုံးရက်ဆက်တိုက် နေ့စဉ် တစ်ဦးနှုန်းဖြင့် သုံးဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြိတ်မြို့၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ခုနစ်ဦး အထိ ရှိနေပြီ ဖြစ်သည်။
" မြိတ်မှာ COVID-19 ကြောင့် အခု မတ်လထဲမှာ သေဆုံးတာ များတယ်။ အများစုက သက်ကြီး ပိုင်းတွေ "ဟု မြိတ်အခြေစိုက် ပရဟိတ ကျန်းမာရေး အဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။