ဟောင်ကောင်တွင် အဓိကရုဏ်းတွင် ပါဝင်ခဲ့သူ လူ ၈ ဦးကို ထောင်ဒဏ်ချမှတ်

ဟောင်ကောင်တွင် အဓိကရုဏ်းတွင် ပါဝင်ခဲ့သူ လူ ၈ ဦးကို ထောင်ဒဏ်ချမှတ်

ဟောင်ကောင် တောင်ပိုင်း ကူးလွန်မြို့ ကျင်းစာရွှေရပ်ကွက်၌၂၀၁၉ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင်ပါဝင်ခဲ့သူ ၈ ဦးကို တရားရုံးက မတ်လ ၅ရက်တွင် ထောင်ဒဏ် ၄၂ လမှ ၄၅ လအထိ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့ဝင်များအား ဓာတ်ဆီဗုံးများ၊ အုတ်ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို အချို့ကလည်း ရဲစခန်းသို့ မျက်ရည်ယိုဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

ဟောင်ကောင်အစိုးရ၏ တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကို မကျေနပ်သောကြောင့် ၂၀၁၉ခုနှစ်တွင် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်က ဒီမိုကရေစီလိုလားသော လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့် ဆက်နွှယ်သည့် တက်ကြွ လှုပ်ရှားသူ တစ်ဦးကို ယခုသီတင်းပတ် အစောပိုင်းတွင် စီရင်ချက်ချခဲ့ပြီး ဟောင်ကောင်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လျင်မြန်စွာ ကျဆင်းလာမှုကို ထိုးနှက်ချက်ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားသည်။

ဟောင်ကောင်လုံခြုံရေးဥပဒေသည် နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်ရန် ရည်ရွယ်ထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly