ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ပြဿနာမရှာရန် တရုတ်က ဗြိတိန်ကို သတိပေး

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ပြဿနာမရှာရန် တရုတ်က ဗြိတိန်ကို သတိပေး

ဗြိတိန်နှင့် ၎င်း၏နိုင်ငံရေးသမားများသည် တရုတ်ဆန့်ကျင်ရေး ကြိုးကိုင်မှုတွင် ပါဝင်ခြင်း သို့မဟုတ် ထိုင်ဝမ်အရေးကိစ္စတွင် တရုတ်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများမှ ရှောင်ကြဉ်သင့်ကြောင်း တရုတ်အစိုးရက သတိပေးပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံ အောက်လွှတ်တော်၏ Grand ကော်မတီသည် ထိုင်ဝမ်ဒီမိုကရေစီကို ထောက်ခံသည့် ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၃ ရက်က ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်အချို့က တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသကို အရှေ့ဖျား ယူကရိန်းဟု ညွှန်းဆိုခဲ့ကြပြီး ဗြိတိန်အစိုးရက ထိုင်ဝမ်အား ပိုမိုအားကောင်းသော ထောက်ခံမှုနှင့်ကာကွယ်မှုပေးကြောင်း အားပေးခဲ့ကြသည်ဟု CGTN က ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ၏မတ်လ ၅ ရက် ထုတ်ပြန်ချက်တွင် အဆိုပါ လုပ်ရပ်များအား ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချရာတွင် “တိုင်ပေအရေးနဲ့ ပတ်သက်ပြီး ပြဿနာရှာနေတာကို ရပ်တန့်လိုက်ပါ။ ထိုင်ဝမ်အရေးနဲ့ ယူကရိန်းအရေးအကြား နှိုင်းယှဉ်မှုတွေပြုလုပ်တာနဲ့ ထိုင်ဝမ်ကို ထောက်ခံအားပေးတာတွေဟာ သမိုင်းကြောင်းနဲ့လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံရေးသမားတွေက လုံးဝလျစ်လျူရှုနေမှုနဲ့ တရုတ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေအောင်ရဲတင်းပြီး အန္တရာယ်ပြုမယ့်ရည်ရွယ်ချက်တွေကိုပြသနေပါတယ်” ဟု ဆိုသည်။

“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရာမှာ တရုတ်လူမျိုးတွေရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သန္နိဋ္ဌာန်နဲ့ စွမ်းရည်တွေကို လျှော့မတွက်သင့်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“တစ်ပြည်ထောင်စနစ်စည်းမျဉ်းတွေကို လိုက်နာဖို့၊ ထိုင်ဝမ်လွတ်လပ်ရေးအတွက် တောင်းဆိုနေတဲ့ ခွဲထွက်ရေးအင်အားစုတွေဆီ မှားယွင်းတဲ့အချက်ပြမှုတွေ ပေးပို့တာကို ရှောင်ကြဉ်ဖို့နဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို သတိရှိရှိနဲ့ သင့်လျော်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းကြဖို့ ဗြိတိန်ကိုလည်း တိုက်တွန်းပါတယ်" ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly