ယူကရိန်းအကျပ်အတည်းက တရုတ်၏ စစ်ဘက်နည်းပညာဆိုင်ရာ အစီအစဉ်ကို ခြိမ်းခြောက်နေ

ယူကရိန်းအကျပ်အတည်းက တရုတ်၏ စစ်ဘက်နည်းပညာဆိုင်ရာ အစီအစဉ်ကို ခြိမ်းခြောက်နေ

မကြာသေးမီနှစ်များအတွင်းက ယူကရိန်းကို တရုတ်စစ်တပ်အတွက် နည်းပညာအရင်းအမြစ်တစ်ခုအဖြစ် အသုံးချလာခဲ့သောကြောင့် ယူကရိန်းကို ရုရှားကျူးကျော်မှုသည် တရုတ်နိုင်ငံ၏ သတိအထားဆုံးနှင့်အရေးကြီးသော မဟာဗျူဟာမြောက် ဆက်ဆံရေးများကို ခြိမ်းခြောက်နိုင်ဖွယ်ရှိသည်။

ယူကရိန်း-တရုတ် ချိတ်ဆက်မှုသည် အမေရိကန်၏ ဖိအားများအောက်တွင် ရှိနေသော်လည်း လက်ရှိ ပဋိပက္ခသည် ပြီးခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း တရုတ်စစ်တပ်ခေတ်မီအောင် ကူညီပေးခဲ့သည့် ကုန်သွယ်မှုကို အကြီးအကျယ် ပျက်စီးသွားနိုင်ကြောင်း စစ်ရေးလေ့လာသူများနှင့် သံတမန်များက ပြောသည်။

တရုတ်က မော်စကိုနှင့် တိုးမြှင့်ဆက်ဆံမှုအပေါ် ယူကရိန်းစိတ်ပျက်မှုနှင့် စစ်ပြီးခေတ် စီးပွားရေးနှင့် အစိုးရတို့အခြေအနေ မသေချာမရေရာမှုများက ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်ကြောင်း ၎င်းတို့က ပြောဆိုနေကြသည်။

"ဒါဟာ တရုတ်စစ်ဘက်ဆိုင်ရာ နည်းပညာရှင်တွေအတွက် စားကျက်ကောင်းတစ်ခုပါ။ စူးစမ်းရှာဖွေစရာတွေအများကြီးရှိပြီး တချို့ကိစ္စတွေမှာ ရုရှားကနေ ရတာထက် ပိုလွယ်ကူပါတယ်" ဟု HSE တက္ကသိုလ်မှ မော်စကိုအခြေစိုက် တရုတ်စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူ ဗာစီလီကာရှင်းက ပြောသည်။

ရုရှားအပေါ်တရုတ်၏ သံတမန်ရေးရာပံ့ပိုးမှုကို ယူကရိန်းအစိုးရက ဒေါသဖြစ်ခဲ့ကြောင်းနှင့် ယခင်ကရှိခဲ့သည့် ဆက်ဆံရေးသည် လုံးဝပျက်စီးသွားမည်ဖြစ်ကြောင်း ဗာစီလီက ဆိုသည်။

ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးလေယာဉ်တင်သင်္ဘောများထဲမှ တစ်စိတ်တစ်ပိုင်းပါဝင် တည်ဆောက် ထားသော သင်္ဘောဟောင်းနှင့် လေယာဉ်တင်သင်္ဘောသုံး Su-33 တိုက်လေယာဉ်များ၏ ကိုယ်ထည် ဘောင်များ ဝယ်ယူမှုအပြင် တရုတ်သည် ၎င်း၏လေ့ကျင့်ရေးလေယာဉ်၊ ဖျက်သင်္ဘောများ၊ တင့်ကားများနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များအတွက် အင်ဂျင်များကို ဝယ်ယူခဲ့ကြောင်း လွတ်လပ်သော စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျုမှ ခြေရာခံခဲ့သည့် လက်နက် လွှဲပြောင်းမှုအချက်အလက် များအရ သိရသည်။

ယူကရိန်းသည် ဒုံးလက်နက်များတွင်အသုံးပြုသည့် ကွပ်ကဲမှု ထိန်းချုပ်ရေးစနစ်များနှင့် အခြား နည်းပညာအချို့၏ ရင်းမြစ်တစ်ခုအဖြစ် သံသယရှိထားသည်မှာ ကြာပြီဖြစ်ကြောင်း အာရှအခြေစိုက် စစ်သံမှူးများက ပြောသည်။ ယူကရိန်း နည်းပညာရှင်များသည် တရုတ်နိုင်ငံအတွင်းတွင် အလွတ်သဘော အလုပ်လုပ်နေကြသည်။

တရားဝင်ဆက်ဆံရေး ယိုယွင်းလာလျှင် သို့မဟုတ် ခက်ခဲလာလျှင်ပင် ထိုသို့ ဆက်လက်လုပ်ဆောင်နေမည်ဟု မျှော်လင့်ရကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly