တနင်္သာရီတိုင်းအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၇ဦးရှိ

တနင်္သာရီတိုင်းအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၇ဦးရှိ

တနင်္သာရီတိုင်း၊ မတ်လ၊ ၇

တနင်္သာရီတိုင်းအတွင်း COVID-19 ရောဂါပိုး ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေ တိုးလာနေပြီး လက်ရှိခရိုင်သုံးခုတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း သိရသည်။

ထားဝယ်မြို့နယ်တွင် မတ်လ ၆ ရက်နေ့က ကိုဗစ် ရောဂါပိုး ကူးစက်မှုကြောင့် ၃ လသား ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး တိုင်းအတွင်းရှိ ခရိုင် သုံးခုတွင်လည်း စုစုပေါင်း ၁၇ ဦး အထိ COVID-19 ရောဂါကြောင့် သေဆုံးမှုရှိနေကြောင်း စစ်ကောင်စီ လက်အောက်ခံ တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ကိုဗစ်ကြောင့် သေဆုံးသူ အများစုမှာ အသက်ကြီးပိုင်း ရောဂါ အခံကြောင့် သေဆုံးသူများကြောင်း နာရေး ကူညီမှု အသင်း ထားဝယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၆ ရက်နေ့ အထိ သေဆုံးသူ စုစုပေါင်း ၁၇ ဦး ရှိပြီး၊ မတ်လ ၄ ရက်နေ့တွင် ရောဂါပိုး အတည်ပြု လူနာသစ် ၆၇ ဦး၊ ၅ ရက်နေ့မှာ ၇၉ ဦးနှင့် ၆ ရက်နေ့မှာ ၃၅ ဦး ရှိသည်ဟု သိရသည်။

#Mizzima

#ထားဝယ်မြို့

#တနင်္သာရီတိုင်း

#COVID19

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly