မြိတ်မြို့ တစ်ဖက်ကမ်းရှိ ငါးဖမ်းစက်လှေ မီးလောင်မှု ဖြစ်ပွား

By ကိုရွှေမြိတ်
07 March 2022
မြိတ်မြို့ တစ်ဖက်ကမ်းရှိ ငါးဖမ်းစက်လှေ မီးလောင်မှု ဖြစ်ပွား

မြိတ်၊ မတ်လ၊ ၇

တနင်္သာရီတိုင်း၊ မြိတ်မြို့ တစ်ဖက်ကမ်းရှိ မြစ် အတွင်း ရပ်နား ထားသည့် ငါးဖမ်း စက်လှေ တစ်စီး ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၅၀ တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

မီးငြိမ်းသတ်ရာတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက"ငါးဖမ်းလှေက စက်ခန်းထဲက မီးစ လောင်တယ် လို့တော့ သိရတယ် ။ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့လို့ လူတွေတော့ ထိခိုက်မှု မရှိခဲ့ဘူး"ဟု ပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားချိန်တွင် မြိတ် မြို့ နယ် မီးသတ်စခန်းမှ ရေယာဉ်ငယ် နှစ်စီးဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ယင်း စခန်းထံမှ သိရသည်။

မီးလောင်မှုကြောင့် ၁၂ ဗို့ဘက္ထရီ ၄ လုံး၊ မိန်းခုံ တစ်ခု၊ အင်ဂျင်ဝိုင် အဟောင်း ၅ ဂါလံခန့်နှင့် စက်လှေပေါ်ရှိ ပစ္စည်းအဟောင်းများမီးလောင် ကျွမ်းခဲ့ကြောင်း၊ ငွေတန်ဖိုးအားဖြင့် ၆ သိန်း ၈ သောင်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း သိရသည်။

#Mizzima

#မြိတ်မြို့

#တနင်္သာရီတိုင်း

#ငါးဖမ်းစက်လှေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly