ယူကရိန်းအကျပ်အတည်းအပေါ် တရုတ်၏ ရပ်တည်ချက်ကြောင့် ဥရောပနှင့် ကုန်သွယ်ရေးကို ထိခိုက်နိုင်

ယူကရိန်းအကျပ်အတည်းအပေါ် တရုတ်၏ ရပ်တည်ချက်ကြောင့် ဥရောပနှင့် ကုန်သွယ်ရေးကို ထိခိုက်နိုင်

ယူကရိန်းတွင် တင်းမာမှုများ မြင့်တက်နေပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်က ကြားနေရပ်တည်ချိန်တွင် ဥရောပဝယ်ယူသူအချို့သည် အသေးစားနှင့် အလတ်စား ကုန်သည်များကို အရှုံးပေါ်စေသည့် တရုတ်-ဥရောပ ကုန်တင်ရထားများဖြင့်ပို့ဆောင်သည့် အမှာစာများကို စတင်ဖျက်သိမ်းနေပြီဟု ရှန်ဟိုင်း EPU ကုန်ပစ္စည်း တင်ပို့ ရောင်းချရေးလုပ်ငန်းကုမ္ပဏီ၏ ဥက္ကဌ တော်မီတန်က ပြောကြားသည်။

"အချို့ဥရောပဝယ်လက်တွေက အခြေအနေတွေ ဆက်လက်တင်းမာလာတာကြောင့် ဖြစ်ပေါ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို အရမ်းစိုးရိမ်ပူပန်နေပါတယ်၊ အသေးစားနဲ့ အလတ်စား ကုန်သည်တွေကို ဆုံးရှုံး စေတဲ့ တရုတ်-ဥရောပ ကုန်တင်ရထားတွေနဲ့ ပို့ဆောင်တဲ့ အမှာစာတွေကို စတင်ပယ်ဖျက်နေပါပြီ" ရုရှား-ယူကရိန်း ပြဿနာတွင် တရုတ်က နှစ်ဖက်ခွထိုင်ထားသည်။

"ရုရှားနဲ့ ယူကရိန်းအကြား ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် ယူကရိန်းကို ဖြတ်သန်းရတဲ့ ကျွန်တော်တို့ရဲ့ ရထားအားလုံးကို အခြားလမ်းကြောင်းတွေကနေ လမ်းလွှဲသွားနေရပါတယ်။ ယူကရိန်းကို တိုက်ရိုက် တင်ပို့မှု ရပ်နားသွားခဲ့ပါတယ်” ဟု တန်က ဆိုသည်။

အဆိုပါ ပဋိပက္ခသည် ပင်လယ်ရေကြောင်း သွားလာရေးကိုလည်း ထိခိုက်စေခဲ့ပြီး နိုင်ငံတကာ သင်္ဘော ကုမ္ပဏီများသည်လည်း လမ်းကြောင်းများ ပြောင်းလဲခဲ့ရသည်။

ထောက်ပံ့ပို့ဆောင်ရေးအပေါ် သက်ရောက်မှုမှာ တရုတ်မှ ယူကရိန်းသို့ တင်ပို့သော ဖိနပ်နှင့် အဝတ်အစား ကဲ့သို့သော ကုန်ပစ္စည်းများ တင်ပို့မှုကို သက်ရောက်မှုရှိခဲ့ကြောင်း Hong Kong Post သတင်းတွင် ဖော်ပြ ထားသည်။

တရုတ်နိုင်ငံသည် ရုရှားအား ပြစ်တင်ရှုတ်ချခြင်းမရှိသေးဘဲ ယူကရိန်းအာဏာပိုင်များထံမှ အထောက်အပံ့ တစ်စုံတစ်ရာ မရရှိသေးခြင်းကြောင့် ဖြစ်နိုင်သည်။

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ တရုတ်သံအမတ်က ဘေးလွတ်ရာသို့ ထွက်ခွာရန် လုံခြုံသည့်အချိန်အထိ စောင့်ရမည်ဟု ပြောကြားခဲ့သည်။

ကျူးကျော်မှု မတိုင်မီ တစ်ပတ်အလိုတွင် ကယ်ဆယ်ပေးရန် ကျောင်းသားများက မျှော်လင့်ခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly