ယူကရိန်းအကျပ်အတည်းက ရုရှား-တရုတ် ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနေ

By The India Times
06 March 2022
ယူကရိန်းအကျပ်အတည်းက ရုရှား-တရုတ် ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနေ

ယူကရိန်းတွင် ရုရှားစစ်တပ်၏ စစ်ဆင်ရေးများသည် ရုရှားနှင့် တရုတ်တို့၏ နီးကပ်သော ဆက်ဆံရေးကို သက်ရောက်ကာ အထစ်အငေါ့ ဖြစ်သွားနိုင်သည်။

အချို့သော တရုတ်ပညာတတ်များနှင့် တရုတ်ဘဏ်များသည် ရုရှားအပေါ် ဆက်ဆံရေးအေးစက်လာသည်။

တရုတ်သမိုင်းပညာရှင် ရှုကောချီက ဗလာဒီမာပူတင်၏ ယူကရိန်းအား ကျူးကျော်မှုကို ရှုတ်ချရန် တရုတ်၏ တုံ့ဆိုင်းမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းဆိုသည်။

“ကျွန်တော်က ပထမကမ္ဘာစစ်အကြောင်း လေ့လာတဲ့ သမိုင်းပညာရှင်ပါ။ ဥရောပက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ဝ ကျော်က ကြီးမားတဲ့ ပဋိပက္ခတစ်ခုထဲကို လျှောက်လှမ်းခဲ့ပြီး ဒါက တရုတ်အတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်စေခဲ့ပါတယ်” ဟုရှုက ပြောကြားခဲ့သည်။

"ကမ္ဘာကြီးသည် နောက်ပြန်လှည့်၍ မရသောအခြေအနေဖြစ်နေပြီ" ဟု The Guardian က သတင်းဖော်ပြခဲ့သည်။

“ဒါပေမယ့် တရုတ်သံတမန်တွေက အဲဒါကို တုံ့ပြန်ပုံနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က လူမှုမီဒီယာမှာ တရုတ် နိုင်ငံသားတွေ ဘယ်လိုပြောဆိုခဲ့ကြတယ်ဆိုတာကို ကြည့်ရင် အတိတ်က အဖြစ်ဆိုးတွေရဲ့ သင်ခန်းစာကို ငါတို့ မသင်ယူရသေးဘူးဆိုတာကို တွေ့လို စိုးရိမ်မိပါတယ်။ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

“စနေမနက်တွင် (ဖေဖော်ဝါရီလ ၂၇ရက်) ရှုအပါအဝင် ကျော်ကြားသည့် တရုတ်သမိုင်းပညာရှင် ၅ဦးက အိမ်နီးချင်း ရုရှား၏ လုပ်ရပ်ကို ရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ရေးခဲ့ခြင်းသည် တရုတ်၏ ရပ်တည်ချက် ပိုမိုရှင်းရှင်းလင်းလင်းရှိစေရန် တရုတ်အစိုးရအား ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသလို ရုရှားပြုလုပ်နေသည့်အရာသည် မှားယွင်းနေပြီး တရုတ်က ယင်းကို ထုတ်ဖော်ပြောကြားသင့်သည်" ဟု The Guardian က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရပ်သားများသေဆုံးခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ပြင်းထန်လာချိန်တွင် ရုရှားက နေတိုး၏ အရှေ့ဘက်ကို ချဲ့ထွင်မှုကို တုံ့ပြန်တဲ့အနေဖြင့် လုပ်ဆောင်ရ ခြင်းဖြစ်ကြောင်း ပူတင်၏ ငြင်းခုံမှုကို တရုတ်က သံယောင်လိုက်ဆက်လက် ပြောကြားနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly