ပေကျင်းအိုလံပစ်ပွဲတော်အတွင်း အသံများတိတ်နေခြင်းက သမ္မတရှီ၏ တင်းကျပ်သော အုပ်ချုပ်ရေးကို ဖော်ပြနေ

By Republic World
05 March 2022
ပေကျင်းအိုလံပစ်ပွဲတော်အတွင်း အသံများတိတ်နေခြင်းက သမ္မတရှီ၏ တင်းကျပ်သော အုပ်ချုပ်ရေးကို ဖော်ပြနေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဖိနှိပ်မှုနှင့် တရုတ်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ကမ္ဘာက ကောင်းစွာသိနေကြပြီး တရုတ်အာဏာရှင်အစိုးရ၏ မတရားသော လုပ်ရပ်ကို ကမ္ဘာတစ်ဝှမ်းတွင် အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဖိနှိပ်ခံရသူများက ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ကာလအတွင်းတွင်မတရားမှုများကို ဆန့်ကျင်ဆန္ဒမပြခြင်းသည် တရုတ်အစိုးရက နိုင်ငံအပေါ်ချုပ်ကိုင်ထားနိုင်သည့် သက်သေဖြစ်သည်။

၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲနှင့် နှိုင်းယှဉ်ပါက ဆန္ဒပြမှုနှင့် တရုတ်ကိုဆန့်ကျင်သော ဆန္ဒဖော်ထုတ်မှု သတင်းများ တစ်စုံတစ်ရာမရှိခြင်းက ရှီကျင့်ဖျင်ခေါင်းဆောင်သော CCP သည် တရုတ်ပြည်မကြီး၊ ရှင်ကျန်း၊ တိဗက်နှင့် မွန်ဂိုလီးယားတို့ကို မည်သို့ တင်းကျပ်စွာ ချုပ်ကိုင်ထားကြောင်း ပြသနေသည်။

၂၀၀၈ ပေကျင်းနွေရာသီအိုလံပစ်ပွဲတော်အတွင်း တိဗက်လူငယ်များ၊ သီလရှင်များနှင့်ဘုန်းကြီး စသည့် ၁၅၅ ဦး ပါဝင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၀၈ အိုလံပစ်ပွဲတော်မတိုင်မီတွင် တိဗက်လူမျိုးများသည် မြို့ပေါင်း ၅၄ မြို့၌ ဆန္ဒပြပွဲပေါင်း ၁၂၅ ခု ပြုလုပ်ခဲ့သော်လည်း အများစုမှာ ပြည်မကြီးပြင်ပ သို့မဟုတ် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်သည်။

ထိုနှစ်သြဂုတ်လ အိုလံပစ်ပွဲအပြီးတွင် တိဗက်လူမျိုး ၁၀၀ ကျော်ကို တရုတ်စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည်။

၂၀၀၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် သတိပြုမိလောက်သော ဆန္ဒပြပွဲ တစ်ခုပင် မရှိခဲ့ဘဲယင်းက တရုတ်နိုင်ငံတွင် သဘောထားကွဲလွဲမှုများကို မည်ကဲ့သို့ ပြင်းထန်စွာ တားမြစ်ထားကြောင်း ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required