ယူကရိန်း-ရုရှား အကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ထိခိုက်လာနိုင်

ယူကရိန်း-ရုရှား အကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ထိခိုက်လာနိုင်

တရုတ်စီးပွားရေး နှေးကွေးနေချိန်တွင် တရုတ်၏ စီးပွားရေး စိန်ခေါ်မှုများသည် အမြောက်အမြား တိုးလာနိုင်ပြီး ယူကရိန်း-ရုရှား အကျပ်အတည်းနောက်ပိုင်းတွင် စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်လာနိုင်သည်။

တရုတ်စီးပွားရေးနှေးကွေးမှုသည် အစိုးရအပေါ် သက်ရောက်မှုရှိခဲ့ပြီး၊ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်အတွက် တိုးတက်မှု ရည်မှန်းချက်များနှင့် မူဝါဒ ပန်းတိုင်များလျှော့ချရန် ပြည်နယ်အစိုးရ ၃၁ ခုအနက် ၂၈ ခုက ကြေညာခဲ့ကြောင်း HK Post က ဖော်ပြခဲ့သည်။

ရှန်ဟိုင်း၊ ကွမ်တုံနှင့် ပေကျင်းတို့ကဲ့သို့သော ပိုမိုဖွံ့ဖြိုးသော ဒေသများတွင်ပင် တိုးတက်မှုနှုန်းကို ၂၀၂၁ခုနှစ်က ၆ ရာခိုင်နှုန်းသတ်မှတ်ထားရာမှ ၂၀၂၂ခုနှစ်အတွက် ၅ ဒသမ ၅ ရာခိုင်နှုန်းသာ လျော့ချသတ်မှတ်ထားသည်။

ထို့ပြင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုနယ်ပယ်များပြားလာမှုကြောင့် တရုတ်စီးပွားရေးကို ပိုမိုထိခိုက် လာနိုင်သည်။

တရုတ်က ယူရိန်းမှ အစေ့များ၊ ပဲပုပ်နှင့် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများ တင်သွင်းခြင်းကြောင့် ယူကရိန်းအကျပ်အတည်းက ပြဿနာအသစ်များ ထပ်တိုးလာနိုင်သည်။

၂၀၂၂ခုနှစ်နှောင်းပိုင်းတွင်ကျင်းပမည့် ၂၀ကြိမ်မြောက်ပါတီကွန်ဂရက်တွင် ယင်း၏ နောက်ထပ် သက်တမ်းတိုး မှုကို ဆိုးရွားစွာထိခိုက်စေနိုင်သောကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တိုင်းပြည်၏ ဆိုးရွားသော စီးပွားရေး အလားအလာအတွက် အထူးစိုးရိမ်နေသည်။

ကိုဗစ်ကပ်ရောဂါ၊ ကာဗွန်လျှော့ချမှုနှင့် ကမ္ဘာထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့် ဖြစ်ပေါ် လာသည့် ယိုယွင်းသွားသော စက်မှုကွင်းဆက်များကို ပြန်လည်ပြုပြင်ရန်နှင့် ပြန်လည်ဖွဲ့စည်းရန် လိုအပ်ခြင်း ကြောင့် လာမည့်ကာလများသည် တရုတ်အတွက် ခက်ခဲနိုင်သည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။

အလုပ်လက်မဲ့များ တိုးပွားလာခြင်းက အစိုးရ၏ စီးပွားရေးကို ပြန်လည်အသက်သွင်းနိုင်မှုနှင့်ပတ်သက်၍ သံသယများကို ဖြစ်ပေါ်စေသည်။

ပုံမှန်အသုံးစရိတ်ကို ဆက်လက်ထိန်းသိမ်းထားရန်ပင် ဝင်ငွေပြတ်လပ်မှုနှင့် တွေ့ကြုံနေရသဖြင့် ဗဟိုနှင့် ပြည်နယ်အစိုးရများသည် မကြုံစဖူး ဖိအားများ ရှိလာခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အစိုးရများသည်လည်းဆရာများနှင့် အရာရှိများအား ဆုကြေးများ ပြန်ပေးရန် အမိန့် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly