ကွန်ဂိုသည် တရုတ်ကုမ္ပဏီများ ရွှေတူးရန် နေရာသစ်ဖြစ်လာ

ကွန်ဂိုသည် တရုတ်ကုမ္ပဏီများ ရွှေတူးရန် နေရာသစ်ဖြစ်လာ

ဗဟိုအာဖရိကနိုင်ငံဖြစ်သော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သည် တရုတ်ကုမ္ပဏီများ ရွှေတူးရန် အတွက် နေရာသစ်ဖြစ်လာနေပြီး အလွန်ဆိုးရွားသော တရုတ်-ကွန်ဂိုအရှုပ်တော်ပုံကြောင့် ရွှေတူးခြင်းသာမက လုယက်မှုဖြစ်စဉ်များလည်း ပေါ်ပေါက်လာသည်။

မိုင်းတွင်းဇုန်များတွင် လူများ လမ်းများပေါ်ထွက်လာခြင်းက ဖျက်ဆီးပြီး ထိန်းချုပ်သည့်ပုံစံသို့ ဖြစ်ပေါ်စေရန် တရုတ်နိုင်ငံခြားရေးဌာနအား တွန်းအားပေးခြင်းဖြစ်ကြောင်း မူဝါဒ သုတေသနအဖွဲ့(POREG) က ပြောကြားခဲ့သည်။

ပညာရှင်အဖွဲ့၏အဆိုအရ ဘူရွန်ဒီ နိုင်ငံသွားရန် ရူဇီဇီမြစ် ၊ ရဝမ်ဒါ နိုင်ငံသွားရန် ကီဗူးရေကန်နှင့် တန်ဇန်း နီးယားနိုင်ငံသွားရန် တန်ဂန်နီကာရေကန်တို့ကို အသုံးပြု၍ မှောင်ခိုကူးနေသည့် ရွှေမှောင်ခိုကွန်ရက်များနှင့် တရုတ်ကုမ္ပဏီများ ပူးပေါင်းကာ သတ်ဖြတ်မှုများကို ပြုလုပ်လျက်ရှိသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် ဂရိတ်လိတ်ဒေသတွင်း ပဋိပက္ခများ ဆက်လက်တည်ရှိနေသဖြင့် ယင်းကွန်ရက်များသည် လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပံ့ပိုးပေးသည်။ ထိုပြဿနာသည် ကွန်ဂိုအစိုးရ အတွက် အလွန် စိုးရိမ်စရာကောင်းသော ကိစ္စဖြစ်လာနေသည်။

အကျင့်ပျက်ဒေသခံခေါင်းဆောင်များနှင့်ပူးပေါင်း၍ BM Global Business၊ Congo Blueant Mineral၊ Oriental Resources Congo၊ Yellow Water Resources နှင့် New Oriental Mineral စသည် တရုတ်ကုမ္ပဏီများသည် တရားမဝင်ရွှေတူးဖော်မှုတွင် ပါဝင်သည်ဟု ပညာရှင်အဖွဲ့က ပြောသည်။

“သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကွန်ဂိုလက်နက်ကိုင်တပ်ဖွဲ့(FARDC) က ကာကွယ်ပေးထားတယ်လို့ သတင်းထွက် နေပါတယ်” ဟု Institut Francais des Relations Internationales (IFRI) ၏ “တရုတ်ကုမ္ပဏီများက ဆက်ကီဗူးခရိုင်၌ သတ္တုနှင့် သစ်တောများကို တရားမဝင် အသုံးပြုခြင်း” အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

တရားမဝင်ရွှေတူးဖော်မှုကြောင့် ကာဘိုကီ၊ ကီတန်ဘာစသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း POREG သတင်းတွင် ဖော်ပြထားသည်။

အာဖရိကရှိ အခြားနေရာများကဲ့သို့ပင်၊ ကွန်ဂိုတွင်လည်း တရုတ်ကုမ္ပဏီများသည် လူ့အခွင့်အရေးချိုး ဖောက်မှု များ၊ ဝေဖန်သူများနှင့် ဆန္ဒပြသူများကို မတရားဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly