တိုက်စစ်မှူး အမ်ရာဘတ်နှင့် ဂိုးသမား ပန်တီလီမွန်တို့အား ၀က်ဖို့ဒ်ခေါ်ယူ

တိုက်စစ်မှူး အမ်ရာဘတ်နှင့် ဂိုးသမား ပန်တီလီမွန်တို့အား ၀က်ဖို့ဒ်ခေါ်ယူ

အင်္ဂလန်၊ ဇန်နဝါရီ ၂၀ ။           ။ ဝက်ဖို့ဒ်အသင်းသည် မာလာဂါအသင်းမှ တိုက်စစ်မှူး အမ်ရာဘတ်နှင့် ဆန်းဒါးလန်းအသင်းမှ ဂိုးသမား ပန်တီလီမွန်တို့ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ မော်ရိုကိုတိုက်စစ်မှူး အမ်ရာဘတ်ကို ဝက်ဖို့ဒ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၆ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး သုံးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့သည်။ အမ်ရာဘတ်သည် ပီအက်ဗွီနှင့် ဂါလာတာစာရေးအသင်းတို့တွင် ကစားခဲ့ဖူးသည့် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ဦးဖြစ်သည်။ သို့သော် ယခုရာသီတွင်မှု မာလာဂါအသင်းအတွက် ၁၂ ပွဲ ကစားခဲ့ရာတွင် တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးပေ။

ဝက်ဖို့ဒ်အသင်းသည် ဂိုးသမား ပန်တီလီမွန်ကိုလည်း သုံးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုမူ ဖော်ပြခြင်း မရှိခဲ့ပေ။

မန်စီးတီးဂိုးသမားဟောင်းတစ်ဦးဖြစ်သည့် ပန်တီလီမွန်သည် ၂၀၁၄ ခုနှစ်က ဆန်းဒါးလန်းအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီတွင် ၁၈ ပွဲ ပွဲထွက်ကစားထားသည်။ သို့သော် ပန်တီလီမွန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက် ချယ်လ်ဆီးကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှ စတင်ပြီး ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရသူ ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ပန်တီလီမွန်သည် ရိုမေးနီးယားလက်ရွေးစင်ဂိုးသမားတစ်ဦး ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly