ရေငုပ်သင်္ဘောထောက်လှမ်းနိုင်သော ဆိုနာဗော်ယာများနှင့်ပတ်သက်၍ တရုတ် စိုးရိမ်နေ

By MSN
04 March 2022
ရေငုပ်သင်္ဘောထောက်လှမ်းနိုင်သော ဆိုနာဗော်ယာများနှင့်ပတ်သက်၍ တရုတ် စိုးရိမ်နေ

ပြည်ပလေယာဉ်များနှင့် စစ်သင်္ဘောများမှ ဆိုနာဗော်ယာများသည် အနောက်နိုင်ငံစစ်တပ်များအတွက် ရေငုပ်သင်္ဘောများအကြောင်း သတင်းအချက်အလက်များ စုဆောင်း ပေးနိုင်ခြင်းကြောင့် တရုတ်သင်္ဘောများအနီးရှိ အဆိုပါ ထောက်လှမ်းရေးယာဉ်များကို တရုတ်က စိုးရိမ်နေကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။

လွန်ခဲ့သည့်သီတင်းပတ်က အေရာဖူရာပင်လယ်အတွင်း ဖြတ်သန်းနေသော တရုတ်စစ်သင်္ဘောများအနီးသို့ သြစတြေးလျ P-8 Poseidon ရေကြောင်းကင်းလှည့်လေယာဉ်ဖြင့် ထောက်လှမ်းရာတွင် အဆိုပါ လေယာဉ် သည် ရေအောက်တွင် တရုတ်ရေငုပ်သင်္ဘောများကို တွေ့ရှိခဲ့ကြောင်း မကာအိုအခြေစိုက် စစ်ရေးလေ့လာသူ အန်တိုနီဝေါင်တုံက ပြောကြားခဲ့သည်။

ယင်းရေလမ်းကြောင်းသည် ဩစတြေးလျ၏ မြောက်ဘက်ကမ်းရိုးတန်းနှင့် နယူးဂီနီနိုင်ငံ တောင်ပိုင်း ကမ်းရိုး တန်းကြားတွင် တည်ရှိသည်။

"ဆိုနာဗော်ယာတွေကို ရေထဲလွှတ်ချတာက ရေပြင်ပေါ်က စစ်သင်္ဘောတွေရဲ့ လုံခြုံရေးကို မထိခိုက်ပါဘူး၊ ဒါပေမယ့် ဒီလှုပ်ရှားမှုက တရုတ်စစ်တပ်ကို ကြောက်ရွံ့စေပါတယ်" ဟု ဝေါင်က ပြောကြားခဲ့သည်။

Type 052D ဖျက်သင်္ဘော၊ Type 054A ဖရီးဂိတ်သင်္ဘော၊ Type 071 ရေပြင်နှင့် မြေပြင်သယ်ယူ ပို့ဆောင်ရေးသင်္ဘောနှင့် Type 903 ထောက်ပံ့ရေးသင်္ဘောများပါဝင်သော တရုတ် သင်္ဘောအုပ်စုသည် သြစတြေးလျသီးသန့်စီးပွားရေးဇုန်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ဆိုက်ရောက်စဉ် သြစတြေးလျ P-8A ကင်းလှည့်လေယာဉ်မှ အသေးစားရေ ပေါ်ဆိုနာ စနစ်ဖြစ်သည့် ဆိုလာဗော်ယာများကို ရေသို့ချ၍ ထောက် လှမ်းခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၁ရက်တွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။

“P-8A က တရုတ်စစ်သင်္ဘောတွေနဲ့ အလွန်နီးကပ်ပါတယ်။ ၂ ဒသမ ၈ မိုင်သာကွာဝေးပါတယ်” ဟု ပြောရေးဆိုခွင့် ရှိသူ တန်ကီဖေးက ပြောကြားခဲ့သည်။

"အနီးကပ်စောင့်ကြည့်ခြင်းနဲ့ ဆိုလာဗော်ယာများ လွှတ်ချထောက် လှမ်းခြင်းက နားလည်မှုလွဲမှားခြင်းနဲ့ အကဲဖြတ်မှု မှားယွင်းတွေကို အလွယ်တကူဖြစ်ပေါ်စေနိုင်တဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်ပါတယ်"

တရုတ်၏ Type 054A ဖရီးဂိတ်သင်္ဘောက သြစတြေလျလေယာဉ် P-8A ကို ဖေဖော်ဝါရီလ ၁၇ရက်တွင် ပျံသန်းစဉ် လေဆာဖြင့် ထိုးခဲ့သည့်အတွက် တရုတ်က သြစတြေးလျ၏ ကန့်ကွက်မှုကို တန်၏ ထုတ်ပြန်ချက်ဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျလေယာဉ်သည် ယင်း၏ရေပိုင်နက်တွင် တရုတ်ရေတပ်သင်္ဘောကို စောင့်ကြည်ရန် အခွင့်အရေး ရှိကြောင်း သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly