ရန်ကုန်မြို့တွင် စစ်ကောင်စီအား ကူညီနေသည့် ဘားများ၊ နိုက်ကလပ်များသို့ Night Life ထွက်နေသူများ၏ အသက်ကို အာမ မခံကြောင်း JBF သတိပေး

ရန်ကုန်မြို့တွင် စစ်ကောင်စီအား ကူညီနေသည့် ဘားများ၊ နိုက်ကလပ်များသို့ Night Life ထွက်နေသူများ၏ အသက်ကို အာမ မခံကြောင်း JBF သတိပေး

မတ် ၂

ရန်ကုန်မြို့ရှိ စစ်ကောင်စီအား ထောက်ပံ့ကူညီနေသည့် ဘားများ၊ နိုက်ကလပ်များနှင့် ကေတီဗွီများသို့ Night Life ထွက်နေကြသည့်သူများကို စစ်ရေးအရ ဆောင်ရွက်ရာတွင် အသက်အန္တရာယ်ကို အာမ မခံတော့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့(Justice Bringer Forc- JBF) က ထုတ်ပြန်သည်။

“ ရန်ကုန်မြို့မှာ ရှိနေတဲ့ လူငယ်တွေကို ငါတို့ သတိပေးလိုက်မယ်။ အမှန်တရားအတွက်မင်းတို့ ပူးပေါင်းပါ။ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ပါ။ အကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်သောနည်းနဲ့ ကူညီထောက်ပံ့ခြင်း ကိုရပ်တန့်ပါ” ဟု နှစ်မိနစ်ကျော်ကြာပြောဆိုထားသော ရုပ်သံဖိုင်ဖြင့် သတိပေးတား မြစ်ထားခြင်း ဖြစ်သည်။

ယင်းသို့ တားမြစ်ထားပြီး အဆိုပါ မြို့ပြပြောက်ကျားအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ဝေဇယန္တာလမ်းပေါ်ရှိ စစ်ကောင်စီအား ငွေကြေးအရ ကူညီထောက်ပံ့ပေး နေသော TRANSPORTER BAR အား ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးသွား ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ယနေ့ ညမတ်လ ၁ ရက်နေ့ ညပိုင်းတွင် ယင်း TRANSPORTER BAR ပြန်လည်ဖွင့်လှစ်ထား သည်ကိုလည်း တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီအား သွယ်ဝိုက်သော နည်းလမ်းဖြင့် အားပေး ထောက်ခံနေသော ဘား၊ နိုက်ကလပ်နှင့် ကေတီဗွီများကို ယခုထက် ပိုမိုပြင်းထန်သော စစ်ဆင်ရေးများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးထားသည်။

တရားမျှတမှု ယူဆောင်သူတပ်ဖွဲ့သည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား၊ ထောက်တိုင်များ၊ ငွေကြေးအရ ကူညီထောက်ပံ့ပေးနေသော စီးပွားရေး လုပ်ငန်းများနှင့် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုခြိမ်းခြောက် ဒုက္ခပေးနေသော အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထား အထူးတိုက်ခိုက်ချေမှုန်းသွားမည်ဟု ဆိုထားသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly