ဟောင်ကောင်တွင် နေထိုင်သူတိုင်းကို ကိုဗစ်စစ်ဆေးရန် တရုတ် အမိန့်ထုတ်ပြန်

ဟောင်ကောင်တွင် နေထိုင်သူတိုင်းကို ကိုဗစ်စစ်ဆေးရန် တရုတ် အမိန့်ထုတ်ပြန်

အိုမီခရွမ်ကြောင့် ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာသဖြင့် ဟောင်ကောင်တွင် နေထိုင်သူ ၇ ဒသမ ၅ သန်းစလုံး ကို မတ်လတွင် ကိုဗစ်-၁၉ စစ်ဆေးမည်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ဖေဖော်ဝါရီလ ၂၂ရက်က ကြေညာလိုက်သည်။

ကြီးမားသည့် ယင်းလုပ်ငန်းစဉ်သည် ၇ ရက်ခန့် ကြာမြင့်နိုင်ကြောင်းနှင့် တစ်နေ့လျှင် လူတစ်သန်းခန့် စမ်းသပ်မည်ဖြစ်သည်။

တစ်လအတွင်း လူဦးရေအားလုံးကို ၃ ကြိမ် စမ်းသပ်သွားမည်ဖြစ်ကြောင်းလည်း သူမက ဆက်လက် ပြောကြားသည်။

ပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းနှင့် ထိုအကြံပြုချက်ကို လက်တွေ့မကျ ဟူသော ပြောကြားချက်များကို လမ်က ငြင်းဆိုခဲ့သည်။

ဟောင်ကောင်၏ နောက်ဆုံး ကိုဗစ်ဗျူဟာတွင် တရုတ်ဗဟိုအစိုးရသည် နောက်ကွယ်တွင်မရှိသော်လည်း "လိုအပ်သလို သို့မဟုတ် တောင်းဆိုမှုအတိုင်း ပံ့ပိုးပေးမည်" ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အခြားအစီအမံများတွင် ညစာစားပွဲများကို တားမြစ်ခြင်း၊ အားကစားရုံများ၊ ဘားများနှင့် အလှပြင်ဆိုင်များကဲ့သို့ စီးပွားရေးလုပ်ငန်းများကို ဧပြီလ ၂၀ ရက်အထိ ပိတ်ထားခြင်းအပြင် သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်တို့ကဲ့သို့သော အန္တရာယ်များသည်ဟု ယူဆထားသည့် နိုင်ငံများမှ လေယာဉ်ခရီးစဉ်များကို ပိတ်ပင်ခြင်းလည်း ပါဝင်ပါသည်။

နွေရာသီကျောင်းပိတ်ရက်များကို မတ်လနှင့် ဧပြီလသို့ ရှေ့တိုးရွှေ့ဆိုင်းလိုက်ခြင်းကြောင့် စာသင်နှစ်သည် စောစော ကုန်ဆုံးသွားမည်ဖြစ်ပြီး ပညာရေးဆိုင်ရာ အဆောက်အအုံများကို စမ်းသပ်ခြင်းနှင့် သီးခြားခွဲထားသည့် နေရာများအဖြစ် အသုံးပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly