ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီ ထောက်ပို့ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံးဟုဆို

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီ ထောက်ပို့ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံးဟုဆို

ဖေဖော်ဝါရီလ ၂၈ ရက်

ရန်ကုန်-မန္တလေး အမြန်လမ်း ပြင်စည်မြို့မှ မန္တလေးမြို့သို့ ဦးတည်သွားနေသော စစ်ကောင်စီ ထောက်ပို့ယာဉ် တစ်စီးအား ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၁ နာရီ ၅၀ မိနစ်တွင် မိုင်တိုင် ၃၃၃ ၌ ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ထောက်ပို့ယာဉ်ကို မိုင်းသုံးလုံးခွဲ တိုက်ခိုက်ခဲ့တယ်၊ အရှေ့ခေါင်းထဲက သုံးဦး သေတယ်၊ အနောက်ခန်း ကတော့ အလုံပိတ်ဆိုတော့ မသိရဘူး ခင်ဗျ၊ ဖြစ်ပြီးတော့ DC ကားတွေ ရောက်လာကြတယ်" ဟု Kyaukse District Defense Force KDDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ၄၀ မိနစ်တွင် စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ Denko ဆီဆိုင်အား ပြောက်ကျားတပ်ဖွဲ့က သတိပေး ဖောက်ခွဲခဲ့ကြောင်း ဆိုသည်။

Denko ဆီဆိုင်အား ဖောက်ခွဲရာတွင် ဝန်ထမ်းများ ထိခိုက်မှု မရှိစေရန် လွတ်ကင်းသည့် နေရာသို့ သွားရောက်စေပြီးမှ သတိပေး ဖောက်ခွဲခဲ့ပြီး သေနက် နှစ်ချက် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမပေါ်ရှိ မြဝတီဘဏ်အား  လက်ပစ်ဗုံးဖြင့် ပစ်ခက်တိုက်ခိုက် ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required