"အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုး မကွဲပြားဘူး" ရန်ကုန် လူထုသပိတ် ချီတက် ဆန္ဒပြ

28 February 2022
"အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုး မကွဲပြားဘူး" ရန်ကုန် လူထုသပိတ် ချီတက် ဆန္ဒပြ

ဖေဖော်ဝါရီ ၂၉

ရန်ကုန်လူထု သပိတ်မှ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ခင်း၊ ရန်ကုန်မြို့ တစ်နေရာတွင် "အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုး မကွဲပြားဘူး" ဟူသော စာသား ကိုင်ဆောင် ချီတက် ဆန္ဒပြခဲ့သည်။

ယင်းသို့ ချီတက် ဆန္ဒပြရာတွင် "ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး"၊ "အသက်တွေကို အားနာတတ်တဲ့ တစ်နေ့ ပါဝင်ကူညီပါ" နှင့် "ကမ္ဘာမကြေဘူး" စသည့် စာတန်းများ ကိုင်စွဲကာ ရန်ကုန်မြို့တွင် ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကြွေလွင့်ခဲ့ရသော အာဇာနည်များ၏ တစ်နှစ်ပြည့် ဝမ်းနည်းကြောင်း ပြသသည့် ဖက်စစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

#MizzimaTV

#ရန်ကုန်သပိတ်

#ဆန္ဒပြ

#ဘာသာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly