ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံကိုချစ်တဲ့အပြင် နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ယခုချိန်အထိ အမြဲတန်း စိတ်ဝင်တစားထမ်းဆောင်ချင် နေသော မိတ်ကပ် ပညာရှင် မေဦး က ဖေဖော်ဝါရီ၂၇ရက် မှာ မိတ်ကပ်အလှပြင် သင်တန်းကို နယူးယောက်မြို့Queensရှိ သမိုင်းဝင်အဆောက်အဦးတခုရဲ့ ခန်းမမှာ ပြုလုပ်ကျင်းပခဲ့ပါသည်။
သင်တန်းတွင် နယူးယောက်အနီးအနားတဝိုက်ရှိ ဝါသနာရှင်စိတ်ဝင်စားသူ၂၅ ဦး ကို အလှဆုံးဖြစ်အောင် မိတ်ကပ်လိမ်းခြယ်နည်းကို သင်တန်းပို့ချပေးသွားပါသည်။
သင်တန်းမှရရှိလာသည့် သင်တန်းကြေးများကိုလည်း နွေဦးတော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ အကုန်လုံးကို လှူဒါန်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နယူယောက်မြို့မှာပြုလုပ်သည့် ရန်ပုံငွေပွဲအတွက် မေဦး ရဲ့ self make up classတွင် “ကျောက်ဖုရားမှ ဧရာဝတီ” ဇာတ်လမ်းတွဲမှ နှင်းသွေးယုအောင်က ကူညီပံပိုးပေးခဲ့ပါသည်။