တရုတ်၏ မောင်းသူမဲ့ကားအိပ်မက်များက အမေရိကန်ချစ်ပ်ပြားကို မှီခိုနေရခြင်းကြောင့် အခက်တွေ့နေ

တရုတ်၏ မောင်းသူမဲ့ကားအိပ်မက်များက အမေရိကန်ချစ်ပ်ပြားကို မှီခိုနေရခြင်းကြောင့် အခက်တွေ့နေ

တရုတ်နိုင်ငံ၏ Jidu Automotive ကားကုမ္ပဏီမှထုတ်လုပ်သည့် မောင်းသူမဲ့ကားသည် ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်တွင် ဆန်းသစ်တီထွင်မှု အရှိန်အဟုန်၏ သက်သေအဖြစ် ဧပြီလတွင် ပြုလုပ်မည့် ပေကျင်းမော်တော်ကားရှိုးပွဲတွင် ပြသတော့မည်ဖြစ်သည်။

အင်တာနက်နည်းပညာကုမ္ပဏီ Baidu နှင့် ကားထုတ်လုပ်သူ Geely တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သော Jidu သည် တီထွင်ပြီး ၂ နှစ်အကြာတွင် မောင်းသူမဲ့ကား (Robocar) ကို ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

မောင်းသူမဲ့ကားများကို အပြိုင်အဆိုင်တီထွင်နေကြသော Tesla ပြိုင်ဘက်များဖြစ်သည့် Nio၊ XPeng နှင့် Human Horizons နှင့်အတူ ပါဝင်လာခြင်းဖြစ်သည်။ သို့သော် Robocar ကားများသည် နည်းပညာအမှီအခိုကင်းချင်သော တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကို ခြိမ်းခြောက်‌နေသော ပြဿနာတစ်ခုရှိသည်။

တရုတ်နိုင်ငံ၏ မောင်းသူမဲ့ကားကုမ္ပဏီများသည် အများအားဖြင့်အမေရိကန်အုပ်စုများဖြစ်ကြသော Nvidia၊ Qualcomm နှင့် Intel စသည့် နိုင်ငံခြားကုမ္ပဏီများမှထုတ်လုပ်သော ချစ်ပ်များကို မှီခိုနေရဆဲဖြစ်သည်။

ရှီက စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်ရန် နည်းပညာပိုင်းဆိုင်ရာ ဖူလုံမှုကို လိုလားသည်။ ရှီက တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်လျှပ်စစ်ကားများကို နိုင်ငံတော်၏ အရေးပါသည့် ကဏ္ဍများအဖြစ်သို့ မြှင့်တင်လိုက်ခြင်းကြောင့် ဈေးကွက်ထဲသို့ ကုမ္ပဏီအသစ် ထောင်ပေါင်းများစွာ ဝင်ရောက်လာကြသည်။

တရုတ်နိုင်ငံ၏ ဒေသထုတ်မော်တော်ယာဥ်သုံး ချစ်ပ်ပြားထုတ်လုပ်မှုသည် အခြေခံကျသော ပြဿနာ အများအပြားနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် တရုတ်အခြေစိုက် တစ်ပိုင်းလျှပ်ကူးလုပ်ငန်းအတိုင်ပင်ခံတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly