အမေရိကန် မီဒီယာနယ်ပယ်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာ

အမေရိကန် မီဒီယာနယ်ပယ်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာ

အမေရိကန် ကုမ္ပဏီတစ်ခုက ၎င်း၏ အစီအစဉ်တစ်ခု အားလုံးနီးပါးကို အငှားချထားရာတွင် တရုတ်အစိုးရက ၆၀ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ထားခြင်းဖြင့် တရုတ်ကော်ပိုရေးရှင်းများက အမေရိကန်၏ မီဒီယာလောကကို ထိန်းချုပ်မှုများ ရှိလာသည်။

စီးပွားရေး လုပ်ငန်း မှတ်တမ်းများအရ တရုတ်အစိုးရပိုင် ရေဒီယိုအသံလွှင့်ဌာန၏ လုပ်ငန်းခွဲ တစ်ခုသည် အမေရိကန်ကုမ္ပဏီတစ်ခုတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း Policy Research Group က ဖော်ပြခဲ့သည်။

WCRW သည် အမေရိကန်၏ သြဇာအကြီးဆုံးမြို့ ဝါရှင်တန်တွင် ဝန်ဆောင်မှုပေးနေသည့် AM ရေဒီယိုဌာနတစ်ခုဖြစ်သလို တရုတ်ကွန်မြူနစ်ပါတီ (CCP) က အဓိက မီဒီယာတွင် အသံလွှင့်ခွင့်ရရှိထားသည်။

ယင်းမီဒီယာမှ အသံလွှင့်ချက်များသည် အမေရိကန် လွှတ်တော်နှင့် အိမ်ဖြူတော်တို့အထိ ပေါက်ရောက်ကြောင်း မူဝါဒသုတေသနအဖွဲ့တစ်ဖွဲ့က ဖော်ပြထားသည်။

WCRW သည် တရုတ်လိုလားသောသတင်းနှင့် ဝါဒဖြန့်ချိမှုများကို ထုတ်လွှင့်ရန် တရုတ်က အသုံးပြုနေသည့် မီဒီယာလိုင်းများအနက်မှ တစ်ခုဖြစ်သည်။

ရေဒီယို၊ ဝါယာ၊ ဂြိုဟ်တု၊ ကေဘယ်လ်နှင့် ရုပ်မြင်သံကြား ဆက်သွယ်ရေးပိုင်းကို စည်းမျဉ်းကြီးကြပ်သည့် လွတ်လပ်သောအမေရိကန်အေဂျင်စီဖြစ်သည့် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်(FCC) သည် နိုင်ငံခြားအစိုးရများနှင့် ယင်းတို့၏ ကိုယ်စားလှယ်များအား အမေရိကန်အသံလွှင့်ဌာနရေဒီယိုလိုင်စင်ရရှိခြင်းကို တားမြစ်ထားသည်။

တရုတ်နိုင်ငံတကာရေဒီယို(CRI) က တိုက်ရိုက်ပိုင်ဆိုင်ခွင့်မရှိသော်လည်း WCRW ကို ငှားရမ်းထားသည့် ကုမ္ပဏီခွဲတစ်ခုတွင် ရှယ်ယာအများစုပိုင်ဆိုင်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ဆင်ဟွာအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကျော်ကြားသည့် နိုင်ငံပိုင်သတင်းအေဂျင်စီများစွာရှိပြီး တရုတ်နိုင်ငံရှိ မီဒီယာအားလုံးနီးပါးကို ပါတီ၏ အာဘော်အဖြစ် သတ်မှတ်ထားသည်။

တရုတ်၏ မဟာဗျူဟာမှာ ပြည်ပနိုင်ငံများတွင် ရှိပြီးသား မီဒီယာစနစ်ကို အသုံးချကာ တရုတ်အကြောင်းကို ဖြန့်ဝေရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly