ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြို့ရှိ တော်လှန်လူငယ်များမှ ရန်ကုန်မြို့တစ်နေရာတွင် ဖက်ဆစ်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေရေးတိုက်ပွဲတွင် “ သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်” ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးအား နှိုးဆော်သည့်အနေဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်တွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ချီတက်ဆန္ဒပြသူ လူငယ်များမှ လူတန်းစာအလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ဒေသပေါင်းစုံ၊ ကျေးလက် မြို့ပြမှ ပြည်သူများအားလုံမှ အသွင်မျိုးစုံနှင့်ပါဝင်နေသည့် နွေဦးတော်လှန်ရေးတွင် တတ်နိုင်သည့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ကြရန်၊ လူထုတိုက်ပွဲများဆင်နွှဲရန်၊ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ရန် ချီတက် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။