ပါကစ္စတန်နှင့် ညှိနှိုင်းသဘောတူပြီးနောက် အိန္ဒိယက အာဖဂန်နစ္စတန်သို့ ဂျုံများ စတင်ပို့

By Aljazeera
24 February 2022
ပါကစ္စတန်နှင့် ညှိနှိုင်းသဘောတူပြီးနောက် အိန္ဒိယက အာဖဂန်နစ္စတန်သို့ ဂျုံများ စတင်ပို့

အာဖဂန်နစ္စတန်အတွက် အိန္ဒိယက ပေးအပ်သော လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ အကူအညီပစ္စည်းများကို ယခုအခါ ပါကစ္စတန်နိုင်ငံတွင်းမှ ဖြတ်သန်း ပို့ဆောင်ခွင့် ရရှိ သွားပြီ ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှုများ မြင့်တက်နေခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၃ နှစ်အကြာက ကုန်စည်ဖြတ်သန်းမှုများ ရပ်ဆိုင်းထားခဲ့ပြီးနောက် ကြုံတောင့်ကြုံခဲ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဟက်ရှ်ဗွီ ရှရင်ဂလာ၊ အာဖဂန်နစ္စတန် သံအမတ်ကြီး ဖာရစ်မာမွန်ဇေတို့သည် ဖေဖေါ်ဝါရီ ၂၂ ရက်က နယူးဒေလီမြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၂၀ (မိုင် ၂၆၀) အကွာရှိ အိန္ဒိယ နယ်စပ်ဂိတ် ကုန်တင်ကားအစီး အက်တာရီ၌ ဂျုံ မက်ထရစ်တန်ချိန် ၅၀၀၀၀ တင်ဆောင်ထားသည့် ပထမဆုံး ၅၀ စတင်ထွက်ခွာမှုအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

“ဒီနေ့မှာ အက်တာရီမှာ အာဖဂန်နစ္စတန်အတွက် အိန္ဒိယက ပေးတဲ့ ဂျုံ အကူအညီပစ္စည်းတွေ တင်ထားတဲ့ကားတွေ စတင်ထွက်ခွာမှု အခမ်းအနား တက်ရောက်ရလို့ အထူးပင် ဂုဏ်ယူမိပါတယ်” ဟု မာမွန်ဇေက ပြောသည်။

အဆိုပါ ထရပ်ကားများသည် ပါကစ္စတန်၏ ဝါဂါနယ်စပ်ဂိတ်မှ ဖြတ်သန်းခဲ့ပြီး ယင်းနောက် နိုင်ငံအနောက်မြောက် တော့ခ်ဟမ် နယ်စပ်ဖြတ်ကျော်နေရာသို့ ဆက်သွားမည် ဖြစ်ကာ ယင်းကနေတဆင့် အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ဂျုံ အကူအညီ ပေးပို့မှုကိစ္စနှင့်စပ်လျဉ်းပြီး ပါကစ္စတန် ကုန်သွယ်မှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးကလည်း အတည်ပြုခဲ့သည်။

ထို စားနပ်ရိက္ခာ အကူအညီများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဖြန့်ဖြူးပေးဝေမည် ဖြစ်ကြောင်း ကိုယ်စားလှယ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly