တရုတ်နိုင်ငံ၏ ကိုဗစ် ကန့်သတ်ချက်များကြောင့် နယ်စပ်တွင် ကွန်တိန်နာကားပေါင်း ၂၀၀၀ ခန့် စုပြုံနေ

တရုတ်နိုင်ငံ၏ ကိုဗစ် ကန့်သတ်ချက်များကြောင့် နယ်စပ်တွင် ကွန်တိန်နာကားပေါင်း ၂၀၀၀ ခန့် စုပြုံနေ

ဗီယမ်နက်မြောက်ပိုင်း လန်ဆန်ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ် ၃ ခုတွင် လတ်ဆတ်သည့် စိုက်ပျိုးရေးထွက်ကုန် ၈၀ ရာခိုင်နှုန်းကျော်ခန့် တင်ဆောင်လာသော ကွန်တိန်နာကားပေါင်း ၂ ၀၀၀ ကျော် ပိတ်မိလျက်ရှိသည်။

တရုတ်နိုင်ငံသည် ကိုဗစ် အစီအမံများ ဆက်က်လက်တင်းကျပ်ထားသဖြင့်နယ်စပ်ဂိတ်များကို ဖြတ်သန်းရန် ၁၀ ရက်မှ ၁၅ ရက်အထိ ကြာနိုင်ကြောင်း ပြည်နယ်စက်မှုနှင့်ကုန်သွယ်မှုဌာန လက်ထောက်ညွှန်ကြားရေးမှူး လျူအန်မင်းက ပြောသည်။

တရုတ်နိုင်ငံသို့ ကုန်တင်ကားများ ဝင်ရောက်သည့်အခါ ရောဂါကူးစက်မှုမရှိစေရန် ကားတံခါးများကို အလုံပိတ်ထားနိုင်ကြောင်း လန်ဆန်ပြည်နယ်အာဏာပိုင်များက တရုတ်အာဏာပိုင်များကို အဆိုပြုထားသည်။

တာဝန်ရှိသူများကလည်း ထိုအဆိုပြုချက်ကို စဉ်းစားနေပြီး လန်ဆန်ပြည်နယ်မှ လတ်ဆတ်သော သစ်သီးများ တင်ပို့မှုကို ဖေဖော်ဝါရီ ၂၅ ရက်အထိ ရပ်ဆိုင်းထားသည်။

နယ်စပ်တွင် ကွန်တိန်နာကားများ စုပြုံခြင်းသည် ယမန်နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပျက်နေခြင်းဖြစ်ပြီး ယခုလအစောပိုင်း နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်းက တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်ခဲ့သည်။

သို့သော် ယခုအခါ ကားများပြန်လည်ပိတ်ဆို့နေပြီး ပို့ကုန်လုပ်ငန်းရှင်များနှင့် သယ်ယူပို့ ဆောင်သူများ အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly