ဒုရဲအုပ် ချယ်ရီထက်အမှု သက်သေ မလာရောက်၍ ရုံးချိန်းရွှေ့ဆိုင်း

ဒုရဲအုပ် ချယ်ရီထက်အမှု သက်သေ မလာရောက်၍ ရုံးချိန်းရွှေ့ဆိုင်း

ဖေဖော်ဝါရီလ ၂၄ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက် ရင်ဆိုင်နေရသည့် ပုဒ်မ ၅၀၅ (က) အမှု ရုံးချိန်းကို သက်သေ မလာရောက်သည့်အတွက် မတ်လ ၃ ရက်နေ့သို့ ရွေ့ဆိုင်း လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။ 

ယနေ့ ရုံးချိန်းသည် ဒုရဲအုပ် ချယ်ရီထက် ဘက်က တင်သွင်းထားသော ခံပြသက်သေကို စတင်စစ်ဆေးရန် ချိန်းဆိုထားခြင်း ဖြစ်သည်။ အမှုအတွက် ဒုရဲအုပ် ချယ်ရီထက်ဘက်က ခံပြသက်သေ ၁၁ ဦး တင်သွင်းထားသည်။ 

ယခင် ရုံးချိန်းတွင် ဒုရဲအုပ် ချယ်ရီထက်က ၎င်းစွဲဆိုခံထားရသည့် အမှုနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း ကိုယ်တိုင် လျှောက်လဲချက် ပေးခဲ့သည်။ 

ယခု ၅၀၅ (က )အမှုမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အကြောင်း အရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်းနှင့် ပြည်ပ

သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆိုပြီး စွဲဆို ခံထားရသည့် အမှု ဖြစ်သည်။ 

ဒုရဲအုပ် ချယ်ရီထက်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်ပြီး ရဲတရားရုံးက ချမှတ်ထားသည့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနှင့်လည်း ထောင် သုံးနှစ် ချမှတ် ခံထားရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required