တနင်္သာရီမြို့၌ ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား ၅ ဦးတွင် COVID-19 တွေ့

တနင်္သာရီမြို့၌ ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား ၅ ဦးတွင် COVID-19 တွေ့

ဖေဖော်ဝါရီ ၂၄

မြိတ်ခရိုင် တနင်္သာရီမြို့ရှိ အခြေခံပညာ အထက်ကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးနှင့် ကျောင်းသူ ကျောင်းသား ငါးဦးတွင် COVID-19 ရောဂါ တွေ့ရှိကြောင်း တနင်္သာရီမြို့နယ် COVID ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

အဆိုပါ အထက်တန်းကျောင်း၌ ဒသမတန်း ကျောင်းသား တစ်ဦး နေမကောင်းဖြစ်သောကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်ဆေးခဲ့ရာ COVID-19 ရောဂါ တွေ့ရှိသဖြင့် ၎င်းနှင့် ဆက်စပ်သူ ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၆ ဦး တို့ကို Test Kit ဖြင့် စစ်ဆေး ခဲ့ရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီမြို့၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စုစုပေါင်း ၄၃ ဦးကို COVID စစ်ဆေးရာ ၁၃ ဦး တွေ့ရှိခဲ့ပြီး ၂၂ ရက်နေ့တွင် ၁၆ ဦးကို စစ်ဆေးရာ ခြောက်ဦးတွင် တွေ့ရှိခဲ့သည်။

#တနင်္သာရီ

#COVID19

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly