ရောဂါကူးစက်မှု မလျှော့ကျပါက ဟောင်ကောင်တွင် ကိုဗစ်လုံးဝအဖြစ်မခံသည့် မူဝါဒကို တရုတ်က အကောင်အထည်ဖော်နိုင်

ရောဂါကူးစက်မှု မလျှော့ကျပါက ဟောင်ကောင်တွင် ကိုဗစ်လုံးဝအဖြစ်မခံသည့် မူဝါဒကို တရုတ်က အကောင်အထည်ဖော်နိုင်

ဟောင်ကောင်တွင် အဆိုးရွားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် လာမည့် သီတင်းပတ်တွင် ရောဂါကူးစက်မှု မလျော့ကျပါက ဟောင်ကောင်တွင် ကိုဗစ်လုံးဝမဖြစ်စေရေးတင်းကျပ်သော မူဝါဒကို အကောင်အထည်ဖော်လာနိုင်ကြောင်း Hong Kong (HK) Post က ဖော်ပြခဲ့သည်။

၂၀၁၉ခုနှစ် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ကိုဗစ်လုံးဝမဖြစ်စေရေး မူဝါဒကို အကောင်အထည်ဖော်ခဲ့သောကြောင့် လူအများ၏ စိတ်ပျက်ဒေါသထွက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ပါတီတာဝန်ရှိသူများနှင့် ကျန်းမာရေးအာဏာပိုင်များက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ နိုင်ငံသားများအား တင်းကျပ်သော သီးသန့်ခွဲထားရန် ဖိအားပေးခဲ့သောကြောင့် ပြည်သူများအနေဖြင့် နို့နှင့် ပေါင်မုန့်ကဲ့သို့သော အခြေခံများအတွက်ပင် စိုးရိမ်နေရပြီး တရုတ်ရှိ မြို့များသည် လူသူကင်းမဲ့သော မြို့များအဖြစ် ညတွင်းချင်း ပြောင်းလဲသွားကြောင်း မီဒီယာများ၏ ဖော်ပြချက်ကို HK Post သတင်းတွင် ရေးသားထားသည်။

ဆေးစစ်မှုကို ထပ်ခါတလဲလဲ ပြုလုပ်ရန် ပြည်သူ သန်းပေါင်းများစွာကို တိုက်တွန်းထားသလို အဆိုပါ ပြည်သူ သန်းပေါင်းများစွာ ရောဂါမတွေ့ရှိတော့သည်အထိ သီးသန့်ခွဲထားမှုကို ရုပ်သိမ်းရန် မဖြစ်နိုင်သေးကြောင်းလည်း သတင်းတွင် ပါရှိသည်။

လက်ရှိအချိန်တွင် ဟောင်ကောင်သည် လူစည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့အစိုးရက တင်းကျပ်သော ပိတ်ဆို့ခြင်းကို လက်မခံရန် ဆုံးဖြတ်ထားသည်။

ဟောင်ကောင်၏ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုအချက်အချာအဖြစ် အဆင့်အတန်းသတ်မှတ်ထားခြင်းကြောင့် ပိတ်ဆို့အရေးယူမှုသည် ရက်ပိုင်းအတွင်း စီးပွားရေးကို ထိခိုက်စေပြီး ဒေါ်လာဘီလီယံနှင့်ချီသော စီးပွားရေးလုပ်ငန်းများ လုပ်ငန်းရပ်ဆိုင်းသွားနိုင်ကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

ဆေးရုံများတွင် မကြုံစဖူး အုတ်အော်သောင်းတင်းဖြစ်နေသည်။ ဆေးရုံတက်ခွင့်ရရှိရန် ကြိုးပမ်း နေသော လူများ၏ အရေအတွက်ကို မထိန်းချုပ်နိုင်သဖြင့် လျော့ချရန်ကြိုးပမ်းနေသည်။

လမ်းများ သို့မဟုတ် အဆောက်အဦများ သို့မဟုတ် အိမ်ရာဝန်းများကို အထွေထွေပိတ်ဆို့မှုများမှ သည် သေးငယ်သောပိတ်ဆို့မှုများပြုလုပ်ရန် အာဏာပိုင်များက နောက်ထပ်အကောင်းဆုံး ကြိုးစားလုပ်ဆောင် ခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly