ဘောလ်တစ်ဒေသနှင့် နေတိုး အရှေ့ပိုင်း စစ်ဒေသသို့ အမေရိကန်က တပ်အင်အား စေလွှတ်တပ်ဖြန့် 

ဘောလ်တစ်ဒေသနှင့် နေတိုး အရှေ့ပိုင်း စစ်ဒေသသို့ အမေရိကန်က တပ်အင်အား စေလွှတ်တပ်ဖြန့် 

ဖေဖော်ဝါရီ ၂၃

ဘောလ်တစ်ဒေသသို့ ခြေလျင်တပ်အင်အား ၈၀၀ နှင့် နေတိုး၏ အရှေ့ပိုင်း စစ်ဒေသ စစ်ဆင်ရေးနယ်မြေအချို့သို့ F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များ စေလွှတ်ခြင်းအပါအဝင် တပ်ဖြန့်ခြင်းကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် အင်္ဂါနေ့တွင် ကြေညာကြောင်း အမည်မဖော်သော တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထိုပြင် အမေရိကန်သည် AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃၂ စင်းကိုလည်း ဥရောပနေရာများမှ ဘောလ်တစ်ဒေသနှင့် ပိုလန်နိုင်ငံဆီ ပေးပို့သွားမည်လည်း ဖြစ်သည်။ 

“ကျွန်တော်တို့ရဲ့ နေတိုးမဟာမိတ်တွေကို အားဖြစ်စေဖို့၊ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ဖြစ်လာနိုင်တဲ့ ကျူးကျော်မှုကို ဟန့်တားဖို့နဲ့ အိမ်ရှင်နိုင်ငံက တပ်တွေကို လေ့ကျင့်သင်တန်းပေးဖို့ ခုလို ထပ်တိုး တပ်အင်အားတွေနဲ့ စေလွှတ်တပ်ဖြန့်တာ ဖြစ်ပါတယ်”ဟု အဆိုပါ အမေရိကန် အကြီးတန်းကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။ 

ထိုသို့ တပ်အင်အားဖွဲ့ခြင်းကို အမေရိကန်နိုင်ငံတွင်းရှိ တပ်အင်အားများမှ ထုတ်ယူသုံးစွဲခြင်း ရှိမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly