တရုတ်တွင် အောင်မြင်နေသော ကုမ္ပဏီများ အခြားနိုင်ငံများတွင် အခက်ကြုံနေ

တရုတ်တွင် အောင်မြင်နေသော ကုမ္ပဏီများ အခြားနိုင်ငံများတွင် အခက်ကြုံနေ

ပြည်ပနိုင်ငံများမှ သွင်းကုန်ကန့်သတ်ချက်အသစ်များကို လိုက်နာရန် ကြိုးစားနေသည့် နိုင်ငံစုံကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ပြစ်ဒဏ်ချမှတ်မှုများ ရင်ဆိုင်နေရသည်။

သန်းနှင့် ချီသည့် တိုင်းရင်းသားလူနည်းစုများကို ချုပ်နှောင်နှိပ်စက်မှုများအပေါ် ကန့်ကွက်ရန် တောင်းဆိုမှု အများအပြားနှင့်လည်း ကြုံတွေ့နေရသည်။

ပေကျင်းအိုလံပစ်ပွဲတော်ကို ထောက်ပံ့သည့် ကုမ္ပဏီများသည် နိုင်ငံရေးသမားများနှင့် လူ့အခွင့် အရေးအဖွဲ့ များ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရပြီး အကူအညီပေးခြင်းများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်ကြမ်းကြုတ်မှု များကို တိတ်တဆိတ် ထောက်ခံခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်ဟု NY Times က ဖော်ပြသည်။

APCO Worldwide ၏ မဟာတရုတ်ဒေသ၏ ဥက္ကဌ ဂျင်မက်ဂျရီဂေါက ယင်း၏ ကုမ္ပဏီသည် ဖောက်သည် များအား "လူတိုင်းကို လိုက်လျောရန် ကြိုးစားနေပြီး ဆူညံပွက်လောရိုက်မနေပါနှင့် -- နိုင်ငံတစ်နိုင်ငံတွင် လိုက်လျောမှုအတွက် ဆူညံများ ထွက်ပေါ်လာပါက နောက်က လိုက်လာလိမ့်မည်” ဟု ပြောကြားနေရကြောင်း ယင်းကုမ္ပဏီများအတွက် ဝိရောဓိဖြစ်မှုကို ဖော်ပြခဲ့သည်။

ကြီးလေးသော ပြစ်ဒဏ်များက အဆိုပါကုမ္ပဏီများအပေါ် သက်ရောက်မှုရှိနိုင်သော်လည်း ရှင်ကျန်းနှင့် အဆက် အသွယ်ဖြတ်သည့်ကုမ္ပဏီများသည် တရုတ်၏ ပိတ်ဆို့အရေးယူမှုဆန့်ကျင်ရေး ဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး ပိုမိုနှိပ်ကွပ်ခံရနိုင်သည်။

ထင်ရှားသည်မှာ ဇွန်လတွင် အမေရိကန်သည် ရှင်ကျန်းအပေါ် ကန့်သတ်ချက်များ တိုးချဲ့မည့် ကျယ်ပြန့်သော ဥပဒေတစ်ရပ်ကို ပြဌာန်းမည်ဖြစ်သည်။

ယင်းက ရှန်ကျန်းဒေသမှထွက်ရှိသော မည်သည့်ပစ္စည်း တင်သွင်းမှုကိုမဆို ပိတ်ဆို့ရန် အမေရိကန်အား အခွင့်အာဏာပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly