တရုတ်အကြီးတန်း နိုင်ငံရေးအကြံပေးဟောင်း လာဘ်စားမှုဖြင့် ထောင်ဒဏ် တစ်သက်ကျခံရ

တရုတ်အကြီးတန်း နိုင်ငံရေးအကြံပေးဟောင်း လာဘ်စားမှုဖြင့် ထောင်ဒဏ် တစ်သက်ကျခံရ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးတန်းနိုင်ငံရေးအကြံပေးဟောင်းတစ်ဦးသည် လာဘ်ငွေလက်ခံမှုအတွက် တရုတ်တရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။

ယွမ်ငွေ သန်း ၁၅၀ ကျော် ကြွယ်ဝချမ်းသာကြောင်း တရားရုံးက တွေ့ရှိခဲ့ပြီးနောက် အတွင်းမွန်ဂိုလီးယား၏ ဒုဥက္ကဌဖြစ်သူ မာမင်းကို ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သူ့အနေဖြင့် ဘဝတစ်သက်တာလုံး နိုင်ငံရေးနှင့် ပတ်သက်သည့်အခွင့်အရေးလည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း တရုတ် အရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ကျီဘိုမြို့ရှိ အလတ်အလတ်ပြည်သူ့တရားရုံး၏ ဆုံးဖြတ်ချက်တွင် ပါရှိကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

တရုတ်သတင်းဌာန၏ဖော်ပြချက်အရ မာသည် ကျီလင်းပြည်နယ်နှင့် အတွင်းမွန်ဂိုလီးယားတွင် ၂၀ဝ၀ပြည့်နှစ်မှ ၂၀၁၉ခုနှစ်အထိ ရာထူးအမျိုးမျိုးတွင် အခွင့်ကောင်းယူကာ လုပ်ငန်းလည်ပတ်မှု၊ အလုပ်ရာထူးတိုးခြင်းနှင့်

အမှုကိစ္စ ကိုင်တွယ်ခြင်းဆိုင်ရာ အခြားသူများအတွက် အကျိုးခံစားခွင့်များရယူခဲ့ကြောင်း တရားရုံး တွေ့ရှိခဲ့ သည်။

မာသည် ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ယွမ် ၁၅၇ ဒသမ ၈၅ သန်း (အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၃ သန်းခန့်) ကို လာဘ်စားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

မာ၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုမှ တရားမသဖြင့် ရယူထားသည်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာတိုက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly