ဟာခါး၌ ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနား ဗိုလ်ချုပ်ကြီး မြထွန်းဦးတက်ရောက်

ဟာခါး၌ ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနား ဗိုလ်ချုပ်ကြီး မြထွန်းဦးတက်ရောက်
ဓါတ်ပုံ - ချင်းပြည်နယ် ဟားခါးမြို့ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့ကို ရောက်ရှိနေသော ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်ဟာ။

ဖေဖော်ဝါရီ ၂၁

ချင်းပြည်နယ် ဟားခါးမြို့၌ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာတို့ တက်ရောက်သည်။

ထို့အတူ စစ်အာဏာသိမ်း ခေါင်းဆောင်ကလည်း ချင်းအမျိုးသားနေ့တွင် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

"အခု ချင်းပြည်နယ်မှာ ကျန်းမာရေးနှင့် ပတ်သက်ပြီး လိုအပ်တာတွေ လုပ်ပေးမယ်ဆိုပြီး ကာချုပ်က သဝဏ်လွှာ ပို့တယ်။ ကျန်တာတွေ မလုပ်ပေးပါနဲ့အုံး။ အခုလတ်တလော ဟားခါး ရောက်နေတဲ့ ဝမ္မသူးရွာသား ဦးမောင်းဟာရဲ့ ရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကိုပဲ သူ့လူတွေ မဖျက်ဆီးအောင် အရင်လုပ်ပေးပါအုံးလို့ ပြောချင်တယ်။ စစ်တပ်က ရစရာ မရှိအောင်ကို ဆေးရုံကို ဖျက်ဆီးသွားခဲ့တာ။ ဦးမောင်းဟာလည်း ရှက်ဖို့ကောင်းပါတယ်။ ဒီလို အခမ်းအနားကို လာတက် နေရတာ” ဟု CDM ကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။

ဓါတ်ပုံ - ချင်းပြည်နယ် ဟားခါးမြို့ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့ကို ရောက်ရှိနေသော ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်ဟာ။

ချင်းအမျိုးသားနေ့ အခမ်းအနားများကို စစ်ကောင်စီက သက်ဆိုင်ရာ မြို့နယ်အလိုက် ထွေအုပ်ရုံးများတွင် ကျင်းပခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်များကလည်း ၎င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေများတွင် အခမ်းအနားဖြင့် စည်းကားစွာ ကျင်းပခဲ့သည်။

ဓါတ်ပုံ - ချင်းပြည်နယ် ဟားခါးမြို့ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့ကို ရောက်ရှိနေသော ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်ဟာ။

#ဟားခါးမြို့

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly