မြိတ်မြို့၌ COVID-19 ဖြင့် သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး သေဆုံး

မြိတ်မြို့၌ COVID-19 ဖြင့် သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး သေဆုံး

ဖေဖော်ဝါရီ ၂၁

မြိတ်မြို့၌ ယမန်နေ့က သေဆုံးသွားသည့် အသက် ၇၀ ကျော် အမျိုးသမီးတွင် COVID-19 စစ်ဆေး တွေ့ရှိကြောင်း မြို့ခံ ကျန်းမာရေးအဖွဲ့စည်းများထံက သိရသည်။

၎င်းသည် မြိတ်မြို့ ကန်ကြီးရပ်ကွက် ကျောက်မီးသွေးလမ်းတွင် နေထိုင်သူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် COVID-19 ရောဂါဖြင့် သေဆုံးခဲ့သည့် အဆိုပါ နေအိမ်ကို Lock down ချထားကြောင်း မြိတ်အခြေစိုက် ကျန်းမာရေး အဖွဲ့စည်းများထံက သိရသည်။

တနင်္သာရီတိုင်း အတွင်း COVID-19 ရောဂါ ကူးစက်မှုကြောင့် ထားဝယ်မြို့မှ နှစ်ဦးနှင့် မြိတ်မြို့မှ တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးပြီးဖြစ်ကာ အသက်ကြီးပိုင်း အမျိုးသမီးများ ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။

တနင်္သာရီတိုင်း အတွင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် COVID-19 ရောဂါ တွေ့ရှိသူ ၁၁၃ ဦး ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ၈၁ ဦး၊ ၂၀ ရက်နေ့တွင် ၉၁ ဦး တွေ့ရှိခဲ့သည်။

#ထားဝယ်မြို့

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly