ပြည်ကြီးတံခွန်မြို့နယ်က စစ်ကောင်စီသတင်းပေးဟုနာမည်ထွက်နေသူ ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

ပြည်ကြီးတံခွန်မြို့နယ်က စစ်ကောင်စီသတင်းပေးဟုနာမည်ထွက်နေသူ ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ရာအိမ်မှူး ဦးအောင်စိန် ဆိုသူသည် ဖေဖော်ဝါရီ ၂၁ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း Dragon Warrior အဖွဲ့က ထုတ်ပြန်ထားသည်။

"စစ်တပ်ခေါ်ပြီးလေကျယ်နေတဲ့လူ။ အခုသေတော့ ရပ်ကွက်ထဲ စခ(စစ်ကောင်စီတပ်သား) တွေရောက်လာကြပြီ"ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

မန္တလေးမြ်ို့ ပြည်ကြီးတံခွန်မြို့နယ် ၁၂၆လမ်းနှင့်၁၂၇လမ်းကြား၊ ၅၈လမ်းနှင့် ၅၉လမ်းကြားတွင် နေထိုင်သူ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဦးအောင်စိန်ကို ပစ္စတိုသေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း Dragon Warriorအဖွဲ့ကထုတ်ပြန်ထားသည်။

ယင်းလုပ်ဆောင်မှုကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Dragon Warriorအဖွဲ့နှင့် Yadanarbon Phoenix Guerrilla Forceတို့ကပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မန္တလေးမြို့တွင် စစ်တပ်က ရပ်ကွက်အလိုက်ဝင်စီးကာ အကြမ်းဖက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း၊ စစ်ကောင်စီသတင်းပေးဒလန်ဟုနာမည်ထွက်နေသူများ ပစ်ခတ်ခံရခြင်းများ ယခုရက်ပိုင်းအတွင်း ပိုများလာနေကြောင်း ဒေသခံထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ၂၀ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊ (၆၇-D)လမ်းနှင့် (၁၂၀)လမ်းအနီးမှာ နေထိုင်သည့် ရပ်ကွက်ရာအိမ်မှုးဦးထွန်းဝေ သေနတ်နှင့် ပစ်ခတ်ခံရပြီးသေဆုံးသွားသည့် ဖြစ်ရပ်ဖြစ်ပွါးခဲ့သေးသည်။

#မန္တလေး

#ပြည်ကြီးတံခွန်

#Dragon_Warrior

#ရာအိမ်မှူး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required