ဘင်နီတက်ဇ်ကို မက်ဒရစ်မြို့သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ရီးယဲလ်အသင်းခေါ်ယူ

ဘင်နီတက်ဇ်ကို မက်ဒရစ်မြို့သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ရီးယဲလ်အသင်းခေါ်ယူ

မက်ဒရစ်၊ ဇွန် ၁။ ။ ရီးယဲလ်အသင်းသည် နည်းပြသစ် ဘင်နီတက်ဇ်ကို ကိုယ်ပိုင်လေယာဉ်ဖြင့် မက်ဒရစ်မြို့သို့ ခေါ်ယူမည် ဖြစ်ကြောင်း ဂိုးလ်ဒေါ့ကွန်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

နာပိုလီအသင်းကို နောက်ဆုံးပွဲစဉ်ကိုင်တွယ်ပြီးနောက်တွင် ဘင်နီတက်ဇ်ကလည်း ၎င်း၏ဆန္ဒကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ဘဲ ရီးယဲလ်အသင်းသို့ သွားရန် မစောင့်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်။

ရီးယဲလ်အသင်း၏စီစဉ်မှုဖြင့် ဘင်နီတက်ဇ်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ယနေ့တနင်္လာနေ့တွင် မက်ဒရစ်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး အပြောင်းအရွှေ့သတင်းကို တရားဝင်ကြေညာမှု ပြုလုပ်မည့် ဗုဒ္ဓဟူးနေ့မတိုင်မီ လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။

ဘင်နီတက်သည် ၂၀၁၃ ခုနှစ်က နာပိုလီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အဓိက ဆုဖလားများထဲမှ ကိုပါအီတာလီယာဖလား တစ်လုံးသာ ဆွတ်ခူးပေးနိုင်ခဲ့သည်။
စီးရီးအေနောက်ဆုံးပွဲစဉ်တွင်လည်း နာပိုလီမှာ လာဇီယိုကို ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရကာ ဘင်နီတက်ဇ်၏နောက်ဆုံးပွဲစဉ်မှာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်။

ရည်ညွှန်း ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly