ဒိုင်လူကြီးကို အဝါကတ်ပြန်ပြခဲ့တဲ့ အက်စ်ပီလီကျူတာ

ဒိုင်လူကြီးကို အဝါကတ်ပြန်ပြခဲ့တဲ့ အက်စ်ပီလီကျူတာ

ဘန်ကောက်၊ မေ ၃၁။ ။ ချယ်လ်ဆီးနောက်ခံလူ အက်စ်ပီလီကျူတာဟာ ထိုင်းအောစတားအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးကို အဝါကတ်ပြား ပြန်လည် ပြသခဲ့ပါတယ်။

ဒီပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုရရှိခဲ့တဲ့ ဟက်ဇက်နဲ့ တွဲဖက်ပြီး ဓာတ်ပုံရိုက်ခဲ့လို့ အက်စ်ပီလီကျူတာက နောက်ပြောင်ပြီး အဝါကတ်ပြခဲ့တာဖြစ်ပါတယ်။

အက်စ်ပီလီကျူတာဟာ ဟက်ဇက်တို့ ဓာတ်ပုံရိုက်နေစဉ်မှာ ဒိုင်လူကြီးရဲ့ အိပ်ထဲက အဝါကတ်ကို အတင်းဆွဲထုတ်ပြီး နောက်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တွစ်တာအကောင့်မှာလည်း အက်စ်ပီလီကျူတာက ဒိုင်လူကြီးကို အဝါကတ်ပြခဲ့တယ်ဆိုပြီး ပုံစာရေးထိုးကာ ဗီဒီယိုဖိုင်လေး တင်ထားပါတယ်။

ဒီခြေစမ်းပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက ထိုင်းအောစတားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးကို လူငယ်ကစားသမား ဆိုလန်ကီက သွင်းယူပေးခဲ့ပါတယ်။

ရည်ညွှန်း ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly