မြန်မာနယ်အတွင်းဝင်၍ စစ်ဆင်ခဲ့သည့် အိန္ဒိယ အထူးတပ်ဖွဲ့အား အိန္ဒိယဝန်ကြီးချုပ် မိုဒီတွေ့ဆုံ

မြန်မာနယ်အတွင်းဝင်၍ စစ်ဆင်ခဲ့သည့် အိန္ဒိယ အထူးတပ်ဖွဲ့အား အိန္ဒိယဝန်ကြီးချုပ် မိုဒီတွေ့ဆုံ

ဇွန် ၁၉။      ။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် မြန်မာနိုင်ငံနယ်စပ်အတွင်း အခြေခံ၍ အိန္ဒိယအစိုးရအား ဆန့်ကျင်နေသည့် လက်နက်ကိုင် သူပုန်များကို ပြီးခဲ့သည့်ရက်ပတ် အတွင်းက မြန်မာနယ်မြေ အတွင်းဝင်ရောက် စစ်ဆင်ခဲ့သည့် အထူးလေထီးတပ် သားများကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

နယူးဒေလီမြို့တွင်မကြာသေးမီကတွေ့ဆုံခဲ့စဉ် မိုဒီက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး စစ်ဆင်ရေးမှအသေးစိတ် လေ့လာမှုများပြုလုပ် ရန် ပြောကြားခဲ့ကြောင်း အိန္ဒိိယကာကွယ်ရေးဝန်ကြီးဌာနမှ သိရကြောင်း The Hindu သတင်းဌာနက ဇွန် ၁၉ ၌ ဖော်ပြသည်။

မြန်မာပိုင်နယ်အတွင်းသို့ မဏိပူနှင့် အာသံပြည်နယ်မှ အထူးလေထီးတပ်သား ၅၀ ခန့်ဝင်ရောက်ပြီး အိန္ဒိယအစိုးရအားလက်နက် ကိုင် ဆန့်ကျင်နေသည့် သူပုန် စခန်း ၂ ခုအား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Ref; The Hindu

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly