မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ဖြစ်နေကြောင်း မီးမောင်းထိုပြသည့် “This Kind of Love” မှတ်တမ်းရုပ်ရှင် လူ့အခွင့်ရေး ရုပ်ရှင်ပွဲတော်တွင် ပြသ

မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ဖြစ်နေကြောင်း မီးမောင်းထိုပြသည့် “This Kind of Love” မှတ်တမ်းရုပ်ရှင် လူ့အခွင့်ရေး ရုပ်ရှင်ပွဲတော်တွင် ပြသ

ရန်ကုန်မြို့ဝဇီရာရုံတွင် ပြုလုပ်နေသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် ဝင်ရောက်ပြသသည့် ဂေးလ်တစ်ဦး အကြောင်း ရိုက်ကူးပြသထားသော မှတ်တမ်းရုပ်ရှင်သည် ပြီးခဲ့သည့်ကာလများအတွင်း နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ပြောင်းမှု ကိုဆောင်ရွက်နေလင့်ကစား ယခင်စစ်အာဏာရှင်ခေတ်ကအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် သည်ဟု မီးမောင်းထိုးသတိပေးထားသည်။

သုံးကြိမ်မြောက်လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် Human Rights and Human Dignity International Film Festival (HRHDIFF) ကိုရန်ကုန်မြို့တွင် တနင်္လာနေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ မိန်းမချင်း၊ယောက်ကျားချင်း၊ လိင်တူချင်း၊ လိင်ပြောင်းထားသူများ (LGBT) အရေးတက်ကြွလှုပ်ရှား သူ ဦးအောင်မျိုးမင်းအကြောင်း ရိုက်ကူးထားသည့် “This Kind of Love,” မှတ်တမ်းရုပ်ရှင်ကို ယင်းပွဲတော်တွင် ပထမဆုံပြသခဲ့သည်။

ပွဲတော်အတွင်း ပြသသည့် မှတ်တမ်းရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်းတိုနှင့် aniation ဇာတ်ကားပေါင်း ၆၅ ကားတွင် LGBT တို့အကြောင်း ရိုက်ကူးသည့် ဇာတ်ကားသုံး ကားတွင်းယခုThis Kind of Love ဇာတ်ကားလည်း တစ်ကားအပါအဝင်ဖြစ်သည်။ ယင်းဇာတ်ကားတွင်မြန်မာနိုင်ငံအတွင်း ပထမဆုံးအဖြစ် လိင်တူဆက်ဆံခြင်း ကို ရှက်ရွံဖွယ်ဖြစ်နေရခြင်းနှင့် လိင်တူဆက်ဆံမှုကို အပြစ်ပေးခြင်းများ၊ ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်းချခြင်းများ ရှိနေသည်ကို ပြသခဲ့သည်။

ယခုရုပ်ရှင်ပွဲတော်အတွင်း ပြသနေသည့် ဇာတ်ကားများကြောင့် မြန်မာ လူ့အသိုင်းအဝိုင်းကြား အမြင်လွဲမှားနေမှုများကို ပြောင်းလဲစေနိုင်မည်ဟု လူ့အခွင့်အရေး လှုပ်ရှားနေသူလည်းဖြစ် This Kind of Love ဇာတ်ကား၏ အဓိက ဇာတ်ကောင် ဂေးလ်တစ်ဦးဖြစ်သည့် ဦးအောင်မျိုးမင်းက မျှော်လင့်ထားသည်။

အဆိုပါ  ၄၅ မိနစ်စာရှိသည့် မှတ်တမ်းကားကို ဒါရိုက်တာ Jeanne Marie Hallacy ကရိုက်ကူးခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် အကြမ်းဖက်ဖြိုခွင်းခံရ ၍ ပြည်ပြေးအဖြစ် နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ရသည့် ဂေးတစ်ဦးလည်းဖြစ်ကာ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည့် ကိုအောင်မျိုးမင်း၏ ရုန်းကန်ခဲ့ရသည့် အခြေအနေများကို ပြသထားခြင်းဖြစ်သည်။

အခြားသော တော်လှန်သူများနှင့်အတူ ကိုအောင်မျိုးမင်းက မြန်မာနယ်စွန် ထိုင်းနယ်စပ်နားရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့ပုံ၊ ကိုအောင်မျိုး မင်းနှင့် သူ့၏ ယောကျ်ားလေးမိတ်ဆွေတို့နှစ်ဦးကို အခြားသူများက ဝိုင်းဖယ်ကြဉ်ကြပုံများကို ယင်းဇာတ်ကားအတွင်း ပြသခဲ့သည်။

ကိုအောင်မျိုးမင်းက ထိုင်းသို့ထွက်ခွာကာ လူ့အခွင့်အရေးအသိတရားများနှင့် ထောက်ခံအားပေးမှုများကို စတင်လုပ်ဆောင်လာပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများ လုပ်ဆောင်၍ ပြည်ပြေးများကို ပြန်လည်ဝင်ခွင့်ပြုချိန်တွင် နိုင်ငံရင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

This Kind of Love ဇာတ်ကားတွင် ဒါရိုက်တာက လူအခွင့်အရေးလှုပ်ရှားနေသူများအပေါ် ခွဲခြားဆက်ဆံမှုများနဲ့  ကျောင်းသားလှုပ်ရှားမှုများကို ဖြိုခွင်းပုံတွေကို မီးမောင်းထိုးပြထားသည်။

အဆိုပါရုပ်ရှင်ပွဲတော် ပါဝင်စီစဉ်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်သည့် မင်းထင်ကိုကိုကြီးက ယခုရုပ်ရှင်ပွဲတော်ကို ကျင်းပခွင့်ပြုသည့်အတွက် သမ္မတဦးသိန်းစိန်အစိုးရ အား ချီးကျုးပြောသော်လည်း နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ကို မမြင်ရသေးကြောင်း သတိပေးစကားဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly