အင်းလေးကန်ဒေသကို ယူနက်စကို အသိအမှတ်ပြု ဇီဝကြိုးဝိုင်းနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြထား

အင်းလေးကန်ဒေသကို ယူနက်စကို အသိအမှတ်ပြု ဇီဝကြိုးဝိုင်းနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြထား

နေပြည်တော် (မဇ္ဈိမ) ။ ။ အင်းလေးကန်ဒေသကို ယူနက်စကို အသိအမှတ်ပြုသော ဇီဝအ၀န်းကြိုးဝိုင်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် လူသားနှင့် ဇီဝအ၀န်းကောင်စီသို့ တင်ပြထားသည်ဟု ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် သစ်တောဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာညီညီဇော်က မီဒီယာအချို့သို့ ပြောသည်။

“အင်လေးကန်ဟာ အင်မတန်အရေးကြီးတဲ့ ရေတိမ် ဒေသကြီးတစ်ခု ဖြစ်တဲ့အပြင် ကမ္ဘာမှာရှိတဲ့ သဘာဝမြေမှာလည်း ထူးထူးခြားခြားရှိတဲ့ အတွက် ယူနက်စကိုရဲ့  အစီစဉ်နဲ့ ပိုပြီးတော့ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက် နိုင်မယ်ဆိုရင်တော့ ထိရောက်မယ်ဆိုတဲ့ အနေထားကို လျှေက်ထားတာ ဖြစ်ပါတယ်၊ လျှောက်ထားတိုင်းလည်း မရပါဘူး၊ ကမ္ဘာမှာ ၆၀၀ ကျောက်လောက် အသိမှတ်ပြုထားတဲ့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး” ဟု ဦးညီညီဇော်က ပြောသည်။
 
၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ပြုလုပ်မည့် လူသားနှင့် ဇီဝအ၀န်းနယ်မြေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ၂၇ ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်နိုင်ရန် အဆိုပြုတင်ပြထားပြီးဖြစ်သည်ဟုဆိုသည်။

“ဇီဝအ၀န်းနယ်မြေအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ဇုန်တွေ သတ်မှတ်ပါမယ်၊ ဒီနေရာကို လုံးဝကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် နေရာဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရေထဲမှာရှိတဲ့ ငါးက ဒီရောရာမှာပဲ ပေါက်ဖွားကြတဲ့အတွက် ငါးမဖမ်းရနေရာ သတ်မှတ်မယ်၊ချောင်းကကျလာတဲ့ နှုံးတွေ စိုက်ပျိုးရေးနယ်မြေ သုံးခွင့် မပေးဘဲ အခြားနေရာသုံးခွင့်ပေးမယ်၊ အစသဖြင့် ဇုန်တွေသတ်မှတ်ပြီး လုပ်မှာ ဖြစ်ပါတယ်”ဟု ဆက်လက်ပြောသည်။
          
ဇီဝအ၀န်းစနစ်ဆိုသည်မှာ အင်းလေးကန်တွင်း အင်းသားများနေထိုင်နိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများပါ လုပ်ဆောင်နိုင်ကာ သဘာ၀ ပတ်ဝန်ကျင်ထိန်းသိမ်း စောင့်ရှောက်နိုင်သော စနစ်များလုပ်နိုင်မည်ဟုဆိုသည်။

“ဘေးမဲ့တောဆိုရင် လူတွေ ဘယ်သူမှ ဝင်ခွင့်မရဘူး၊ သားရဲတိရစ္ဆာန်တွေပဲရှိမယ်၊ ဒါတွေကိုဘာမှ ထိလို့ကိုင်လို့မရဘူး၊ ဒါမျိုးပဲသိကြတယ်၊ ဘေးမဲ့တောကြီး တည်ထောင်ထားသော်လည်း ဒီမှာ ရှိနေတဲ့လူတွေ၊ တိရစ္ဆာန်တွေ အချိုးညီ မျှတစွာနဲ့ ဒါကြီးဆက်လက် တည်မြဲအောင် အင်လေးကန်နဲ့ ပြောရရင် အင်းလေးကန်ထဲမှာ အင်းသားတွေ နေထိုင်တယ်၊ နိုင်ငံခြား ဧည့်သည်တွေလာတယ်၊ ဒီမှာပဲ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်တယ်၊ ငါးဖမ်းတယ်၊ ဘေးမဲ့တောဆိုရင် လူတွေ အကုန်ထွက်တော့ ဘာမှ လည်းမလုပ်ရဘူး နားလည်ကြပါတယ်၊ ဇီဝအ၀န်းဆိုတဲ့အတွက် လူတွေလည်းရှိနေတဲ့ စနစ်နဲ့ ကိုက်ညီတဲ့ ထိန်းသိမ်ေးစာင့်ရှောက်မှုတွေ လုပ်မှာဖြစ်ပါတယ်”ဟုဒေါက်တာညီညီဇော်က ရှင်းပြသည်။

ဇီဝအ၀န်းအဖြစ် သတ်မှတ်ခြင်းခံရလျှင် အင်းလေးဒေသကို နိုင်ငံတကာအကူအညီများ နည်းပညာများ ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသည့် နည်းဥပဒေများနဲ့အညီ ထုတ်ပြန်ဆောင်ရွက် ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly