မြန်မာလုပ်သားများရှိသည့် ဖူဆန်တွင် မားစ်ရောဂါ ကူးစက်ပါက အကူအညီ တောင်းခံနိုင်ရန် ကြေညာ ချက်ထုတ်ပြန်

မြန်မာလုပ်သားများရှိသည့် ဖူဆန်တွင် မားစ်ရောဂါ ကူးစက်ပါက အကူအညီ တောင်းခံနိုင်ရန် ကြေညာ ချက်ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကိုရီးယားနိုင်ငံရှိ  မြန်မာရွှေ့ပြောင်းအလုပ်သမားများ  မားစ် ကူစက်ရောဂါဖြစ်ပွားပါက ကျန်းမာရေး ဌာနများကို အရေးပေါ်အကူအညီ တောင်းခံရန် လမ်းညွှန်ချက်ကို ဇွန် (၁၉) ရက်တွင်  ဖူဆန်မြို့တော် ဝန်ရုံးမှ ကြေညာ ထုတ်ပြန်လိုက်သည်ဟု ဖူဆန်မြို့ မြို့တော်ဝန်ရုံး  စီမံခန့်ခွဲမှူးဌာန မှ ဖူဆန် ရွှေ့ပြောင်း အလုပ်သမား အကူအညီပေးရေးစင်တာ ( မြန်မာ အကြံပေးတာဝန်ခံ )ကိုခန့်နေသူတိုး က မဇ္ဈိမကိုပြောသည်။

"အကယ်၍ ဖြစ်လာရင် ဘယ်ကို အကူအညီတောင်းရမယ်ဆိုတာ ကြိုသိထားဖို့ပြောတာပါ ။ အခု ဒီရောဂါက လက်တလောမှာ ဖြစ်ပွားနေတာ၊ ဖူဆန်မှာ ကမြန်မာအလုပ်သမားက ၅၀၀ လောက် ရှိတယ်၊ သူများနိုင်ငံရောက်နေတာ တကယ်လို့ ဖြစ်လာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်လို ယူမလဲဆိုတာသိထားရအောင်ပါ "ဟု ၎င်းက ပြောသည်။

ကိုရီးယားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မားစ် ကူးစက်ရောဂါ ခံစားရသည့် ဟု သံသယရှိပါက  မိမိရောက်ရှိနေသည့် မြို့နယ်များတွင် ဒေသန္တရ ဆေးခန်းများသို့ တိုက်ရိုက် သွားရောက်သတင်းပေးပို့ရမည်ဖြစ်သည်။

သို့မှသာ ဒေသန္တရ ကျန်းမာရေးဌာန မှ ချိတ်ဆက်၍ ကျန်းမာရေး ဝန်ဆောင်မှုများကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့်  ဘာသာစကားအခက်အခဲရှိပါက မြို့တော်ဝန်ရုံးမှ ဖွင့်လှစ်ထားသည် သီးသန့် Hot line ဖုန်းနံပါတ် ၀၅၁ - ၈၈၈- ၃၃၃  ကိုဆက်သွယ်၍ မိခင်ဘာသာစကားကို လိုင်းခွဲ နံပါတ်များ သို့ တိုက်ရိုက်ဆက်သွယ်၍   မိမိကျန်းမာရေး အခြေအနေကို ပြောဆို အကူအညီယူ၍  ကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

တတိယ အဆင့်အနေနဲ့ ဖူဆန်မြို့ အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်းမှ ဘာသာပြန် စင်တာ  ၁၅၇၇၇၇၁၆ ကိုလည်း ဆက်သွယ်၍ အကူအညီတောင်းခံနိုင်မည် ဟု အချက်သုံးချက်ဖြင့်  ထုတ်ပြန ်ထားသည်။

ယင်းဌာနများမှ တဆင့်  သက်ဆိုင်ရာ ကျန်းမားရေးဌာနှင့်ဆေးရုံးများသို့  ချိတ်ဆက်၍ ကျန်းမာရေး ဝန်ဆောင်မှု များ ကို အခမဲ့ ဆောင်ရွက် ပေးမည် ဖြစ်သည်။

ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါ ကို မေ ၁၀ရက်တွင် စတင်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၄ ဦး ၊ ရောဂါကူး စက်ခံရသူ ၁၆၆ ဦး ၊ သံသယရှိ၍  ဆေးရုံတွင် ထိန်းသိမ်းထားသူ ၅၉၆၀ ဦး ၊ ရောဂါပျောက် ကင်းသွားသူ ၃၀ ဦး ရှိသည်ဟု ဇွန် ၁၉ ရက် စာရင်းများ အရ သိရသည်။

ဖူဆန်ရွေ့ပြောင်းအလုပ်သမား အကူအညီပေးရေး စင်တာသည် မြန်မာ အလုပ်သမားများ၏  အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ၊ ကျန်းမာရေးဆိုင်ရာ ၊ နေထိုင်ခွင့် ဗီဇာ ကိစ္စ ၊ အလုပ်ပြောင်း ရွှေ့ခြင်း စသည်များအတွက် ကူညီဖြေရှင်း ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ကိုရီးယားနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ဦးရေး နှစ်သောင်းခန့် အလုပ်လုပ်ကိုင် လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags