အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ်

အမေရိကန်တွင် လူမည်းဘုရားရှိခိုးကျောင်းကို သံသယရှိလူဖြူတစ်ဦးက သေနတ်ဖြင့်ဝင်ပစ်

အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင် သမိုင်းဝင်လူမည်း ဘုရားရှိခိုးကျောင်းတစ်ကျောင်း ကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားသည်။

Emanuel African Methodist Episcopal Church ဘုရားရှိခိုးကျောင်းတွင် ယင်းပစ်ခတ်မှုဒေသစံတော်ချိန် ကြာသပတေးနေ့ ညနေပိုင်းကဖြစ်ပွား သွားခြင်းဖြစ် သည်။

သေနတ်ဖြင့်ပစ်ခတ်သူအဖြစ် သံသယရှိသူ အသက် ၂၀ အရွယ်လူဖြူတစ်ဦးဖြစ်ပြီး ၎င်းနောက် ခြေရာခံလိုက်လံလျက်ရှိကြောင်း မြို့ရှိရဲဌာနက ပြောသည်။

သေကျေမှုသတင်း လတ်တလောမသိရသေးသော်လည်း သေမှုသေခင်းအရာရှိတစ်ဦး အခင်းဖြစ်ပွားရာသို့ လာရောက်ကြောင်း သတင်းတွင်ဖော်ပြသည်။

အတည်မပြုနိုင်သေးသည့် မီဒီယာသတင်းများတွင် အသေအပျောက်များသည်ဟု ဖော်ပြသည်။

Emanuel African Methodist Episcopal ဘုရားရှိခိုးကျောင်းသည် အမေရိကန်တွင် သက်တမ်းအရှည်ဆုံးဘုရားရှိခိုးကျောင်းများမှ တစ်ခုဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly