၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ

၂၀၁၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကုန်ကျစရိတ် ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံရှိ

ကင်ဘာရာ၊ ဇွန် ၁၈ ။    ။ ၂၀၁၄ခုနှစ်က ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံ အထိရောက်ရှိ ခဲ့ကြောင်း Institute for Economics and Peace ၏ အစီအရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ယင်းငွေကြေးပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၃ဒသမ၄ရာခိုင်နှုန်းရှိသည်။

လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ၏ ကုန်ကျမှုသည် ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘရာဇီး၊ ကနေဒါနှင့် စပိန်တို့၏ပေါင်း စည်းစီးပွားရေးနှင့် ညီမျှသည်ဟု သြစတြေးလျအခြေစိုက် အဆိုပါအုပ်စု၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။ စာရင်ဇယားများအရ စစ်ပွဲကုန်ကမှုမှာ ၂၀၀၈နောက် ပိုင်း ၁၅ဒသမ၃ရာခိုင်နှုန်းမြင့်မားလာခြင်းဖြစ်ပြီး ၂၀၀၈က ဒေါ်လာ ၁၂ဒသမ၄ ထရီလီယံရှိခဲ့သည်။

ကုန်ကျစရိတ်ကြီးမားစွာမြင့်မားလာရခြင်းမှာပြည်တွင်းရေးပဋိပက္ခကြောင့် သေဆုံးမှုမြင့်လာခြင်း၊ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူများ(IDPs)များလာခြင်း၊ ဒုက္ခသည်များ ကိုထောက်ပံ့မှုနှင့် ပဋိပက္ခကြောင့် ဂျီဒီပီ ဆုံးရှုံးမှုများကြောင့်ဖြစ်သည်။ ဂျီဒီပီဆုံးရှုံးမှုမှာ ၂၀၀၈နောက်ပိုင်း ၃၈ရာခိုင်နှုန်းတိုးလာသည်။

၂၀၀၈နောက်ပိုင်း IDPs များနှင့် ဒုက္ခသည်များကိုေျထာက်ပံ့မှုစရိတ်မှာ ၂၆၇ရာခိုင်နှုန်းတိုးလာပြီး စစ်ပွဲကြောင့် ပြောင်းရွှေ့ရသည့်လူအရေအတွက်မှာ ဒုတိယကမ္ဘာ စစ်နောက်ပိုင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။

အစီရင်ခံစာတွင်ဖော်ပြချက်အရ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းတို့မှာ အကြမ်းဖက်မှုအဖြစ်ပွားဆုံးဖြစ်ပြီး ဥရောပမှာ အငြိမ်းချမ်းဆုံးဖြစ်သည်။ ၂၀၁၁ခုနှစ်ကတည်းက ဆူပူသောင်းကျန်းမှုများဖြစ်နေသော ဆီးရီးယားမှာ ငြိမ်းချမ်းမှုအနည်းဆုံးဖြစ်ပြီး ဆီးရီးယားနောက်တွင် အီရတ်၊ အာဖဂန်၊ တောင်ဆူဒန်နှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံတို့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly