စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှု ၂ဒသမရရာခိုင်နှုန်းသို့ ကျဆင်းနိုင်ဟု စီးပွားရေးပညာရှင်များ ခန့်မှန်း

စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှု ၂ဒသမရရာခိုင်နှုန်းသို့ ကျဆင်းနိုင်ဟု စီးပွားရေးပညာရှင်များ ခန့်မှန်း

စင်ကာပူ၊ ဇွန်-၁၈ ။     ။ စင်ကာပူနိုင်ငံရှိ စက်ရုံများတွင် လုပ်ငန်း လည်ပတ်မှုများ အားနည်းနေသောကြောင့် ၂၀၁၅ ခုနှစ်အတွင်း စီပွားရေးဖွံ့ဖြိုးမှုသည် ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်ကြောင်း ပုဂ္ဂလိကကဏ္ဍ စီးပွားရေးပညာရှင်များက ခန့်မှန်းလိုက် ကြသည်။

ဇွန်၁၇ ရက်က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ စင်ကာပူ၏ အရပ်ရပ်ဖွံ့ဖြိုးမှုအပေါ် စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်မှာ အနည်းငယ် ကျဆင်းသွားခဲ့သော် လည်း ထုတ်လုပ်မှု နှေးကွေးကျဆင်းနေမှုကို ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍ က ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်နေကြသည်ဟု ဆိုသည်။

စီးပွားရေးပညာရှင်များက ထုတ်လုပ်မှုမှာ ယမန်နှစ်ကထက် ဝ.၅ရာခိုင်နှုန်းသာ ကြီးထွားလာမည်ဟု ခန့်မှန်းထားသောကြောင့် အစောပိုင်းခန့်မှန်းချက် ၁.၈ ရာခိုင်နှုန်းအောက် သိသိသာသာ နိမ့်ကျသွားခဲ့ကြောင်း စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့၏ သုံးလပတ်စစ်တမ်းတွင် ဖော်ပြထားသည်။

မေ၂၆ရက်နေ့က စတင်ပြုစုခဲ့သည့် ယင်းစစ်တမ်းမှာစင်ကာပူစီးပွားရေးကို အနီးကပ်စောင့်ကြည့်နေကြသော ပညာရှငိ ၂၇ဦး၏အမြင်များကို ထင်ဟပ်ထားခြင်းဖြစ် သည်။ စစ်တမ်းအကောက်ခံရသည့် စီးပွားရေးပညာရှင်အများစုက ယခုနှစ်တွင် စီးပွားရေးတစ်ရပ်လုံးအနေဖြင့် ၂.၇ရာခိုင်နှုန်းသာ ပြန့်ကားကြီးထွားလာမည်ဟု့ ခန့်မှန်းကြသောကြောင့် အစောပိုင်းခန့်မှန်းချက် ၂ ဒသမ ၈ရာခိုင်နှုန်းအောက် အစွန်းထွက်မျှ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း တရားဝင်ခန့်မှန်းချက်များအရ ယခုနှစ်တွင် စင်ကာပူစီးပွားရေးသည် ၂ ရာခိုင်နှုန်းနှင့် ၄ရာခိုင်နှုန်းကြား ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။

‘ထုတ်လုပ်မှုစရိတ်တွေ တက်လာပြီး ဒေသတွင်းပြိုင်ဘက်တွေကလည်း အမှီလိုက်လာကြလို့ ထုတ်လုပ်သူတွေမှာ ဝန်ပိနေကြတယ်’’ဟု စင်ကာပူစီးပွားရေး ၃ ဒသမ၂ရာခိုင်နှုန်း ဖွံ့ဖြိုးလာလိမ့်မည်ဟု ခန့်မှန်းထားသော DBS မှ စီးပွားရေးပညာရှင် အာဝင်ဆိက က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly