မိန်းကလေးများကို စီးကရက်နှင့်ပင် လဲလှယ်ကာ အိုင်အက်စ်တို့က ရောင်းစားလျက်ရှိနေ

မိန်းကလေးများကို စီးကရက်နှင့်ပင် လဲလှယ်ကာ အိုင်အက်စ်တို့က ရောင်းစားလျက်ရှိနေ

(ကုလသမဂ္ဂ)။ ။ အိုင်အက်စ်တို့က ၎င်းတို့ဖမ်းဆီးပြန်ပေးဆွဲထားသည့် ဆယ်ကျော်သက် မိန်းကလေးငယ်များကို စီးကရက်ဘူး တစ်ဘူးအတွက်နှင့်ပင် ကျွန်ဈေးကွက်၌ ရောင်းစားလျက်ရှိနေကြောင်း ကုလသမဂ္ဂ လိင်အကြမ်းဖက်မှုဆိုင်ရာ သံတမန် တစ်ဦးက ပြောသည်။

"အမျိုးသမီး အဖွဲ့အစည်းအပေါ်မှာ တိုက်ခိုက်ထိုးနှက်ခံနေရတဲ့ စစ်ပွဲတစ်ရပ်ပါပဲ” ဟု သံတမန် ဇိုင်နက်ဘ်ဘန်ဂူရာက ပြောသည်။

ဇိုင်နက်ဘ်က အီရတ်နှင့် ဆီးရီးယားတို့အပြင် အိမ်နီးချင်းတူရကီ၊ လက်ဘနွန်နှင့် ဂျော်ဒန်တို့ရှိ ဆီးရီးယားဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ် သိမ်းပိုက်နယ်မြေများမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် အမျိုးသမီး ဒုက္ခသည်များကို စကားပြောဆိုခဲ့ခြင်းဖြစ်သည်။

"အိုင်အက်စ်တွေက သူတို့သိမ်းပိုက်ထားရာ နယ်မြေဒေသတွေမှာ အမျိုးသမီးတွေကို သွေဆောင်ဖမ်းဆီးသွားကြတယ်။ ဒါက သူတို့အတွက် လူသစ်စုဆောင်းတာ မဟုတ်ဘူး။ မိန်းကလေး သစ်တွေကို လိုချင်ကြလို့ ဖြစ်တယ်” ဟု နိုင်ငံခြား ကျောထောက်နောက်ခံပြုလျက်ရှိသည့် အိုင်အက်စ်တို့ ကျုးလွန်သည့် ယုတ်မာရက်စက်မှုများကို ထပ်လောင်း၍ အေအက်ဖ်ပီသတင်းနှင့် အင်တာဗျူးရာတွင် ဇိုင်နက်ဘ်က ဖြေကြားခဲ့သည်။

မိန်းကလေးတွေကို စီးကရက် တစ်ဘူးတစ်တောင့်အတွက် သို့မဟုတ်လျှင် ဒေါ်လာ ရာထောင်လောက်နှင့်လည်း ရောင်းစားနေကြောင်း သူမက ပြောသည်။

ထိုပြင် အိုင်အက်စ်တို့က အမျိုးသမီးများကို ဖမ်းဆီးပြန်ပေးဆွဲကြခြင်းမှာ ၎င်းတို့နိုင်ငံရပ်ခြားက လူသစ်စုဆောင်းနိုင်ရေး မဟာဗျူဟာ၏ အဓိကမက်လုံးဆွဲဆောင်ရာလည်းဖြစ်ကြောင်း ကုလသမဂ္ဂက သံတမန်က ထပ်လောင်းပြောသည်။ ပြီးခဲ့သည့် ၁၈ လအတွင်း ဆီးရီးယားနှင့် အီရတ်သို့ အိုင်အက်စ်အဖွဲ့သို့ လာဝင်ရောက်သည့် နိုင်ငံခြားဦးရေ စံချိန်တင်များပြားခဲ့သည်။

REF : Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly