တရုတ်နှင့် တောင်ကိုရီးယား ကုန်သွယ်ရေး သဘောတူညီချက်က တောင်ကိုရီးယား အလှအပ ခွဲစိတ်ဆရာဝန်များကို ဆွဲဆောင်နိုင်

တရုတ်နှင့် တောင်ကိုရီးယား ကုန်သွယ်ရေး သဘောတူညီချက်က တောင်ကိုရီးယား အလှအပ ခွဲစိတ်ဆရာဝန်များကို ဆွဲဆောင်နိုင်
တောင်ကိုရီးယား အလှအပ ခွဲစိတ်ပြုပြင်ပေးသည့် ကြော်ငြာတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဆိုးလ်၊ ဇွန် ၂ ။   ။ တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်၏ အကျိုးရလဒ်အဖြစ် တောင်ကိုရီးယားနိုင်ငံတွင် ရေပန်းစားနေသော အလှအပ ခွဲစိတ်ပြုပြင် ဝန်ဆောင်မှုများကို တရုတ်နိုင်ငံတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ရလာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းနေကြသည်။

သဘောတူညီချက်အရ ပလတ်စတစ် ခွဲစိတ်ဆရာဝန်များ အပါအဝင် တောင်ကိုရီးယားတွင် ခွင့်ပြုချက် လိုင်စင်ရပြီးသူ ဆရာဝန်များသည် တရုတ်နိုင်ငံတွင် ၆ လမှ တစ်နှစ်အထိ အလုပ် လုပ်နိုင်တော့မည် ဖြစ်သည်။

တောင်ကိုရီးယားနှင့် နီးသော တရုတ်နိုင်ငံ၏ အရှေ့နှင့် အရှေ့မြောက်ပိုင်းက ကမ်းရိုးတန်းမြို့အချို့သည် တိုးတက်အဆင့်မြင့်သည့် ကိုရီးယား ဆေးပညာ၊ ဆေးဝါးများနှင့် ကိရိယာများကို ရနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာ ကျန်းမာရေးဌာနများကိုလည်း ထူထောင်လာနိုင်လိမ့်မယ်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။

တနင်္လာနေ့မှာပဲ တရုတ်ဘက်မှ ယန်တိုင်က အရာရှိများသည် ဆိုးလ်က ဆေးကိရိယာအဖွဲ့နှင့် အလှအပ ခွဲစိတ်ပြုပြင်မှု၊ ကျန်းမာရေး ဝန်ဆောင်မှုများ ပါဝင်သည့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly