နီပေါ ငလျင်ဒဏ်ကြောင့် ကလေးတစ်သန်းကျော် ကျောင်းပြန်မတက်ရောက်နိုင်သေး

နီပေါ ငလျင်ဒဏ်ကြောင့် ကလေးတစ်သန်းကျော် ကျောင်းပြန်မတက်ရောက်နိုင်သေး

(ခတ္တမန္တူ)။ ။ နီပေါ ငလျင်ဒဏ်သင့်၍ ကျောင်းပြန်တက်ရောက်နိုင်ခြင်း မရှိသည့် ကလေးငယ်ပေါင်း တစ်သန်းကျော်ရှိကြောင်း ယူနီဆက်ဖ်က ပြောသည်။

ငလျင်ဒဏ် အဆိုးဆုံးကြုံတွေ့သည့် ခရိုင်ဒေသများတွင် ကလေး ၁၀ လျှင် ၉ ဦးနှုန်း ကျောင်းပြန်ရောက်နိုင်ခြင်းမရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

စာသင်ခန်းပေါင်း ၂၄,၀၀၀ နီးပါးလည်း ငလျင်ဘေးအတွင်း ပျက်စီးခဲ့သည်။

လက်ရှိတွင် နီပေါရှိ ကျောင်းအားလုံးပိတ်ထားဆဲဖြစ်ပြီး အရေးပေါ်ခိုလှုံရာနေရာများအဖြစ် စာသင်ကျောင်းများကို အသုံးပြုထားသည်။

ယင်းကျောင်းများအား မေ ၁၅ ရက်တွင်မှ ပြန်လည် ဖွင့်လှစ်ရန်ရှိနေသည်။

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ ယင်းနီးပေါငလျင်ကြောင့် သေဆုံးသူပေါင်း ၇၀၀၀ ကျော်ထက် မနည်းရှိခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly