ဟွာဝေးအပေါ် အမေရိကန်၏ တင်းကြပ်စွာအရေးယူမှုက တရုတ်အတွက် အဓိက ထိုးနှက်မှုဖြစ်လာ

 ဟွာဝေးအပေါ် အမေရိကန်၏ တင်းကြပ်စွာအရေးယူမှုက တရုတ်အတွက် အဓိက ထိုးနှက်မှုဖြစ်လာ

ဒီဇင်ဘာ ၁၇ ၊ ၂၀၂၀

နောက်ဆုံးတွင် အမေရိကန်သည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးနှင့် တရုတ် ဆက်သွယ်ရေးအား တင်းကြပ်စွာအရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ညီတစ်ညွတ်တည်းမဲခွဲဆုံးဖြတ်ချက်အရ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC)သည် အမေရိကန် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများအား ဟွာဝေးမှပြုလုပ်သည့် ပစ္စည်းများအား ဖယ်ရှားရန် အမိန့်ပေးခဲ့သည်။ ကော်မရှင်သည် တရုတ်ဆက်သွယ်ရေးကော်ပိုရေးရှင်းအား အမေရိကန်ပြည်ထောင်စုတွင် ဆက်လက် လည်ပတ်ခွင့် ပြုသင့် မသင့်အားလည်း စတင်လုပ်ဆောင်ခဲ့သည်။

 FCC ဥက္ကဋ္ဌ အဂျစ်ဖိုင်က ကော်မရှင်သည် ဆုံးဖြတ်ချက်အား ပေါ့ပေါ့တန်တန် မမှတ်ယူကြောင်း ပြောကြားခဲ့သည်။ တရုတ်ဆက်သွယ်ရေးသည် အမေရိကန်အား တရုတ်အစိုးရမှ စီးပွားရေးဆိုင်ရာ သူလျိုထောက်လှမ်းမှုများ ပြုနိုင်စေရန် လုပ်ခဲ့ခြင်း၊ အဓိက အမေရိကန် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်ခြင်းစသည့် ဆိုက်ဘာ လုံခြုံရေးနှင့် သီးသန့်တည်ရှိမှုဥပဒေများကို မလိုက်နာကြောင်း ထောက်လှမ်းရေးအေဂျင်စီ အစီရင်ခံစာများက ဖော်ပြနေသည်။

FCCသည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးများဖြစ်သည့် ဟွာဝေးနှင့် ZTE တို့အား လုံခြုံရေး စိန်ခေါ်မှုအဖြစ် သတ်မှတ်ထားသည်။ ၂၀၁၉ ခုနှစ်တွင် ကော်မရှင်သည် အမေရိကန်၏ လက်အောက်ခံ ကုမ္ပဏီများအား ထိုကုမ္ပဏီများထံမှ ပစ္စည်းများ ဝယ်ယူခြင်းအား ရပ်ဆိုင်းထားခဲ့ပြီး ယခုတွင် FCC သည် အမေရိကန် သယ်ယူပို့ဆောင်ရေးကုမ္ပဏီအားလုံးအား ဟွာဝေးထံမှ ဆက်သွယ်ရေးပစ္စည်းများအား အသုံးမပြုရန် အမိန်ပေးခဲ့သည်။ ကော်မရှင်သည် ‘Rip and Replace’ မူဝါဒအား စတင်ခဲ့ပါက သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် ထိုကဲ့သို့သော ဆက်သွယ်ရေးပစ္စည်းများ အားလုံးအား ဖယ်ရှားပြီး အခြားတစ်ခုနှင့် အစားထိုးရမည်ဖြစ်ကာ အမေရိကန်အစိုးရသည် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများအား ကုန်ကျစရိတ် ပြန်လည်ပေးအပ်မည်ဖြစ်သည်။
 
FCC ကော်မရှင်နာ ဘရန်ဒန်ကားက တရုတ်သည် သူ၏ ရည်မှန်းချက်များအား ရှင်းလင်းစွာ ဖော်ပြနေကာ တရုတ်အစိုးရသည် ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ စက်မှုနှင့် စီးပွားရေးအကျိုးအမြတ်အတွက် အစိုးရ လုံခြံရေးဆိုင်ရာ လျှို့ဝှက်ချက်များအား ရရှိရန် အမေရိကန်ရှိ လူများအပေါ် သူလျိုလုပ်ထောက်လှမ်းလိုကြောင်း ပြောခဲ့သည်။ အခြား တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော China Mobile အားလည်း ၂၀၁၉ တွင် အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

၂၀၂၀ခုနှစ် ဇွန်လတွင် FCCသည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော ဟွာဝေးနှင့် ZTE တို့အား အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့သည်။ FCC ဥက္ကဌက တရုတ်ဆက်သွယ်ရေး ကုမ္ပဏီများသည် အမေရိကန်ဆက်သွယ်ရေးကွန်ယက်များအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း သက်သေများစွာ ရှိကြောင်း ထိုအချိန်က ဆိုခဲ့သည်။

ဩစတြေးလျသည်လည်း တရုတ်ဆက်သွယ်ရေးကုမ္ပဏီနှင့် ၎င်းမှထုတ်လုပ်သော ပစ္စည်းများအား မျိုးဆက်သစ် ဆက်သွယ်ရေးပစ္စည်းများ တည်ဆောက်ရာတွင် မပါဝင်စေရန် ထိရောက်စွာ တားမြစ်ခဲ့သည်။ ဂျာမနီသည်လည်း ဟွာဝေးနှင့် ၎င်း၏ပစ္စည်းများနှင့် စပ်လျဉ်း၍ ကြီးစွားသော စိုးရိမ်မှုကို ထုတ်ဖော်ပြောခဲ့သည်။

ဟွာဝေးသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်နေသည်ဟု သံသယဖြစ်ခံရခြင်း၏ အဓီက အကြောင်းရင်းများမှ တစ်ရပ်မှာ ဟွာဝေး၏ တည်ထောင်သူသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အင်ဂျင်နီယာဟောင်း ရန်ကျန်းဖေး ဖြစ်နေသောကြောင့် ဖြစ်သည်။ ကျန်းဖေးနှင့် အခြား အကြီးတန်းဟွာဝေးအမှုဆောင်များသည် CCP နှင့် ရင်းနီးသော ဆက်ဆံရေးများ ရှိနေဆဲဖြစ်သည်။ အမေရိကန်၊ သူ၏ မဟာမိတ်များနှင့် အခြားနိုင်ငံများက ဟွာဝေး၏ ပစ္စည်းများသည် CCP ၏ သူလျှိုပြုမှုအား ပိုမိုလွယ်ကူစေရန် အထောက်အကူပေးနေသည်ဟု သံသယရှိကြသည်။ ပစ္စည်းအား မလည်ပတ်နိုင်စေရန် ထုတ်လုပ်ထားကာ တရုတ်အစိုးရသည် ဟွာဝေးရောက်ရှိသော ဒီမိုကရေစီနိုင်ငံများ၏ ဆက်သွယ်ရေးများအား ဖြုတ်ချနိုင်လိမ့်မည်ဆိုသော စိုးရိမ်မှုများလည်း ရှိနေသည်။

ဩစတြေးလျအစိုးရသည် ဟွာဝေးအား ပိတ်ပင်ရန် ဆုံးဖြတ်ချက်အား ပြုလုပ်နေစဉ်တွင် ကုမ္ပဏီအနေဖြင့် တရုတ်အစိုးရ၏ တရားမဝင်ဆုံးဖြတ်ချက်များအား လိုက်နာရခြင်းဖြစ်သောပြီး ပေကျင်း၏ ညွှန်ကြားချက်များအား ဆန့်ကျင်နိုင်သည့် အခြေအနေတွင် မရှိကြောင်း ပြောဆိုခဲ့သည်။ ယူနိုက်တက်ကင်းဒမ်း၏ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာသည် ထိုပြောဆိုချက်ကို လက်ခံပြီး တရုတ်နိုင်ငံသည် တရုတ်ရှိ မည်သူ့မဆိုအား ဘာမဆိုလုပ်ဆောင်ရန် ခိုင်းစေနိုင်ကြောင်းနှင့် ဟွာဝေးအား ယူနိုက်တက်ကင်းဒမ်းတွင်လည်း ဆိုက်ဘာတိုက်ခိုက်မှု ပြုရန် စေခိုင်းနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်တွင် ၈နှစ်ကြာ တာဝန်ကျခဲ့သော အမေရိကန်စစ်တပ်ထောက်လှမ်းရေးအရာရှိဟောင်းနှင့် သံတမန်တစ်ဦးဖြစ်သူ မက်သရူးဘရာဇီးက ဟွာဝေးနှင့် ပတ်သတ်၍ နိုင်ငံများစွာမှ ထုတ်ဖော်ပြောလာသော ကြောက်ရွံ့မှုများသည် အခြေအမြစ်ရှိပြီး CCP အား အသေးစိတ်လေ့လာသူတိုင်းက ဟွာဝေးသည် အမှီအခိုကင်းခြင်းမရှိကြောင်း ချက်ချင်း ပြောဆိုနိုင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။ ဟွာဝေးမှ တရုတ်ဘာသာဖြင့် ထုတ်လုပ်သော ပစ္စည်းများသည် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ပစ္စည်းများထက် ပိုမိုမျိုးချစ်စိတ်ပြင်းထန်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်ဆီနိတ်အမတ် မာကိုရူဘီရိုက တရုတ်ကွန်မြူနစ်ပါတီသည် အမေရိကန်၏ အမျိုးသားရေးနှင့် စီးပွားရေးလုံခြုံမှုအတွက် အကြီးမားဆုံး ကာလရှည်ကြာ ခြိမ်းခြောက်မှုကို ပိုင်ဆိုင်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် အမေရိကန်သည် တရုတ်နိုင်ငံအစိုးရမှ ညွှန်ကြားသည့် ဟွာဝေးနှင့် ZTE ကဲ့သို့ ဆက်သွယ်ရေးကုမ္ပဏီများမှ အရေးကြီးအမေရိကန် အခြေခံအဆောက်အဦများအား ထိခိုက်‌စေခြင်းမှ တားဆီးရန် သတိကြီးစွာ ထားရမည်။

ဇွန်လတွင် အိန္ဒိယနှင့် တရုတ်အကြား နယ်စပ်အငြင်းပွားမှုများ ဖြစ်ပွားအပြီး အိန္ဒိယသည် လုံခြုံရေးအန္တရာယ်များဟုဆိုကာ TikTok ကဲ့သို့ တရုတ်အက်ပလီကေးရှင်းများအား ပိတ်သိမ်းခြင်း ခြေလှမ်းအား စတင်ခဲ့သည်။ အမေရိကန်ပင်လျင် အမျိုးသားလုံခြုံရေးစိုးရိမ်ပူပန်မှုကြောင့်ဟု ဆိုကာ နာမည်ကြီး တရုတ်ဗီဒီယိုမျှဝေရေးအက်ပလီကေးရှင်းအား ပိတ်ပင်ခဲ့သည်။ TikTok သည် သူ၏ အသုံးပြုသူများထံမှ အချက်အလက်များအား နှိုက်ယူနေကာ ထိုသတင်းအချက်အလက်များအား ဝါဒဖြန့်ချိရေးနှင့် လွှမ်းမိုးရေးလုပ်ဆောင်ချက်များတွင် အသုံးပြုသည့် တရုတ်အစိုးရထံသို့ ပေးပို့နေကြောင်း စွပ်စွဲခံထားရသည်။

မကြာသေးမီနှစ်များအတွင်း FCC ၊ ကွန်ဂရက်နှင့် ထရမ့်အစိုးရသည် ကုန်သွယ်ရေး၊ သူလျှိုပြုဆောင်ရွက်ခြင်းများ၊ တောင်တရုတ်ပင်လယ်အတွင်း ရန်လိုသော အပြုအမူများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုများအရ တရုတ်နှင့် ဆန့်ကျင်၍ ပြင်းထန်စွာ ရပ်တည်လျက်ရှိသည်။
 
ဩစတြေးလျ၊ ကနေဒါ၊ နယူးဇလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်တို့ပါဝင်သော ‘Five Eyes’ လုံခြုံရေးနှင့် ထောက်လှမ်းရေးမဟာမိတ်အဖွဲ့သည် တရုတ်ကုမ္ပဏီတစ်ခုတည်းမှ ထုတ်လုပ် ရောင်းချ ပိုင်ဆိုင်သည့် ထုတ်ကုန်များ အဓိကပါဝင်သော ဆက်သွယ်‌ရေးကွန်ယက်ရှိခြင်း၏ အကျိုးသက်ရောက်မှုများအား စိုးရိမ်ပူပန်လျက်ရှိသည်။ မဟာမိတ်အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးသည် ဟွာဝေးနှင့် ၎င်း၏ ပစ္စည်းများအား ဆက်သွယ်ရေးနယ်ပယ်မှ လုံးဝပိတ်ပင်ခဲ့ပြီး သို့မဟုတ် ပိတ်ပင်ဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly